Zawgyi
/ ဒိုင်း..ဒိုင်း.../
အ၀ိုင်းငယ်၏ အလယ်တည့်တည့် အစက်ကလေးဆီ တည့်တည့်မတ်မတ် ရောက်ရှိသွားသော
ကျည်ဆံတွေကြောင့် သဘောကျစွာ
ပြုံးလိုက်မိသည်...။"Bae လက်ရည်တွေက.. ခုထိ မကျသေးဘူးနော်.."
သေနတ် ထဲ
ကျည်ဆန်ကုန်သွားသောကြောင့်
ပြန်ဖြည့်ရန် ပြင်နေတုန်း
လက်ခုပ်သံ ခပ်တိုးတိုးနဲ့အတူ နံဘေးနားရောက်ချလာသော...ထိုလူ...။"ဒီလက်သွယ်သွယ်လှလှလေးတွေက..
သေနတ်ကို ပိုင်ပိုင်နိုင်နိုင်
ကိုင်နိုင်မယ်လို့
ကိုယ်..မထင်ခဲ့တာ အမှန်ပဲ..""ကျွန်တော်လဲ..သေနတ်ကိုင်ဖို့
ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပါဘူး..
ဒါပေမယ့်..တစ်စုံတစ်ယောက်ကြောင့်
မကိုင်ချင်ပဲ..ကိုင်ခဲ့ရတယ်လေ..""ဟားဟား...တစ်စုံတစ်ယောက်လို့
စောင်းပြောမနေပါနဲ့ Baeရာ..
ကိုယ် လို့သာ..တည့်တည့်ပြောလိုက်စမ်းပါ.."အစကတော့ ကျည်တစ်ကတ်လောက်ထပ်ဖြည့်ပြီး
သေနတ်ထပ်ပစ်ဖို့ စိတ်ကူးထားပေမယ့်..။အတိတ်၏ ဖြစ်ရပ်များက
ခေါင်းထဲကို အစီအရီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ..တစ်ခဏမှာတော့
လက်ထဲက သေနတ်ကို နေရာမှာ ပြန်ထားလိုက်ပြီး..
အနားယူဖို့ လုပ်ပေးထားတဲ့
ထိုင်ခုံငယ်မှာသာ ထိုင်ချပစ်လိုက်သည်..။ဟိုလူကတော့ ကျွန်တော် လေ့ကျင့်ခဲ့သည့်
သေနတ်ငယ်နှင့်ပင်..
ကျွန်တော်ပစ်ခဲ့သည့် နေရာ မှာ..
အပစ်လေ့ကျင့်နေသည်...။အမှန်ဆို..ကျွန်တော် ဒီနေ့..
ဒီနေရာကို လာခဲ့ တာ..နောက်ဆုံးဆိုသော
ရည်ရွယ်ချက်တွေကို အဖော်ပြုပြီး
ရောက်လာခဲ့ခြင်းလေ...။သို့ပေမယ့် ..ထွက်သွားခွင့်ပေးပါလို့
တောင်းဆိုဖို့အတွက်တော့
အခုချိန်ထိ တုံ့ဆိုင်းနေမိဆဲ..။/ ကြောက်တယ်..ထွက်သွားခွင့်တောင်းဆို မိခြင်းရဲ့ နောက်ကွယ်မှာ..
ကျွန်တော့်ရဲ့ Chan ထိခိုက်မှာကို.../အ၀ိုင်းငယ်ရဲ့ အလယ်တည့်တည့်အစက်ကလေးတွေဆီ
ပစ်လွှတ်နေတဲ့သေနတ်သံ တဒိုင်းဒိုင်းနဲ့အတူ
ကျွန်တော့်ရင်ထဲက
စိုးရိမ်မှုဒီရေလှိုင်းတွေကလဲ
တလိပ်လိပ် ဆို့တက်လာနေသည်...။

YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....