Zawgyi
စီရရီတည်ရှိနေကြသော လေးထောင့်ကွက်လေးများရှေ့တွင်
ရပ်နေသော သူ...။ပါးပြင်ထက် တွင် မျက်ရည်စက်များ
လိမ့်ဆင်းနေရာ ယူနေကြသည်..။မကြာသေးခင်က သူ့ကျောင်းတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ရိုက်ခဲ့သော
သူ့ဓာတ်ပုံ တစ်ပုံကို
မှန်ဘောင်လေးထဲ ထည့်ကာ
တစ်ခုသော လေးထောင့်ကွက်ငယ် အတွင်း
သေချာ နေရာ ချနေသည်..။"ကျွန်တော် ကြည့်ကောင်းလာပြီ ဟုတ်..?"
လေးထောင့်ကွက်လေးထဲက
အိုးဖြူဖြူ တွေ ထက်ရှိ နာမည်စာတန်းများကို
လက်ဖြူဖြူ ရှည်ရှည်တွေနဲ့
ထိတွေ့နေသောသူ..။"သတိရတယ်ဗျာ..
Lee Yeolရေ..မင်းသာရှိသေးရင်
ခုဆို hyung နဲ့ ဂိမ်းတွေ ပြိုင်ဆော့နေလောက်
ရောပေါ့..နော်.."သတိရခြင်း..။
တမ်းတခြင်း..အရိပ်အငွေ့ပေါင်းများစွာ
သူ့မျက်ဝန်းတွင် ပျော်ဝင်နေသည်..။သုံးနှစ်တာ နှစ်ပတ်လည် မြောက်ခဲ့ပေမယ့်
ဒီလို မြင်ကွင်းမျိုးကို
မြင်ရတိုင်း ကျွန်တော့်ရင်ထဲ
အပ်သေးသေးစူးစူးတွေ
မြောက်များစွာနဲ့ ထိုးစိုက်နေသလို
တဆစ်ဆစ် နာကျင်လွန်းသည်..။တစ်စုံတစ်ရာသော အကြောင်းအရာ
တွေကလဲ
မှတ်ဥာဏ်ထဲ အလုအယက်ဝင်ရောက်နေပြန်တော့
ဒီနေရာ ကို လာခဲ့မိတာ ကိုပင်
အားနာနေမိသည်..။မိဘနှစ်ပါးနဲ့ ညီငယ်ကို
မမျှော်လင့်ပဲ ဆုံးရှုံးခဲ့ရတဲ့
အချိန်တုန်းက
သူဘယ်လောက်တောင် ကြေကွဲ ပူဆွေးခဲ့ရသလဲ...။ဘ၀ကြီးကို လက်မြှောက်အရှုံးပေးရန်
ကြိုးစားခဲ့လွန်းလို့လဲ
ကျွန်တော့်မှာ အကြိမ်ကြိမ်အဖန်ဖန်
တားမြစ်ခဲ့ရသည်..။အခုချိန် ဒီနေရာမှာ သူဒီလို
ကြံ့ကြံ့ခံရပ်နိုင်ဖို့ အတွက်
အိပ်မရသော ညပေါင်းများစွာကို
သူ ဖြတ်သန်းခဲ့ရသည်..။ပန်းတစ်ပွင့်ကို လေးထောင့်ကွက်ငယ်အတွင်း
နေရာ ချပေးခဲ့ပြီး
သူ့လက်တစ်ဖက်ကို အသာဆွဲကာ
အဆောက်အဦးထဲက ထွက်လာခဲ့လိုက်သည်..။

YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....