Zawgyi
နောက်ထပ် မိနစ် အနည်းငယ် လောက်ဆိုရင်
ကျောင်းက ပြန်ရောက်လာတော့မည့်
သူ့ကို
ဧည့် ခန်းထဲမှာသာ
ထိုင်စောင့်နေလိုက်သည်..။သို့ပေမယ့်
ငြိမ်ငြိမ်လေး ထိုင်မနေနိုင်သည့်
ထုံးစံအတိုင်း ဖုန်းဖွင့်ကာ
game level တစ်ဆင့်တိုးဖို့ကို
ကြိုးစားနေလိုက်သည်..။တစ်ချက်ခုတ် နှစ်ချက်ပြတ် သူ့အလာလဲ
စောင့်ရင်း
game လဲ ဆော့ရင်းပေါ့..။"သူဝင်လာရင် ဒရမ်မာကားတွေထဲကလို
Chan..လွမ်းလိုက်တာ ဆိုပြီး
ပြေးဖက်ရမလား..ဟားဟား.."လက်ကသာ game ဆော့နေပေမယ့်
စိတ်အာရုံက သူ့ဆီမှာပဲ အပြည့်ရောက်နေတာမို့
သူ အိမ်ထဲ ၀င်လာရင်
ဘယ်လို ဘယ်ပုံ
ကြိုဆိုရမလဲ
ဆိုတာ တွေးနေမိကာ
ကိုယ့်အတွေးတွေ ကိုယ်သဘောကျပြီး
ရယ်မိသည်..။တကယ်ဆို လေးရက် တည်းမတွေ့ကြရတာပါ..။
အဲ့တာကို လေးကမ္ဘာလောက်ကြီးခွဲခွာနေရသလို
အရမ်းလွမ်းနေမိသလိုပဲ..။"Chan..! "
သူပြန်လာရင်
ဘယ်လိုလေးလုပ်မယ်
ဘယ်လိုလေးပြောမယ် တွေ
စိတ်ကူးထားပေမယ့်လဲ
လက်တွေ့ကျတော့
အိမ်တံခါး password နှိပ်သံကြားကတည်းက
ပြောမယ်လို့ စာစီထားသမျှက
လည်ချောင်းဝမှာတင် တစ်ဆို့နေသည်..။အိမ်တံခါးဝမှာ ကျွန်တော် မြင်ချင်လွန်းသည့်
ပုံရိပ်လေးပေါ်လာတော့
ပြေးဖက်မယ်လို့ စိတ်ကူးထားတာနဲ့
တစ်ခြားစီ
ထိုင်နေတဲ့ ဆိုဖာပေါ်ကနေ
ခြေတစ်လှမ်းတောင် မရွှေ့မိ..။ကျွန်တော့်အနား သူလျှောက်လာနေသည်ကိုပဲ
တိတ်ဆိတ်စွာ
ကြည့်နေမိသည်..။ကျွန်တော်ကိုက သူနဲ့ဆိုရင်
နဂို စကားကြွယ်တဲ့
အကျင့်တွေ ပျောက်ကုန်တာ..။"ကျောင်းမှာ အရမ်းပင်ပန်းလာလား..
ရေသွားချိုးလိုက်ပါလား..
hyung..ထမင်းချက်ထားတယ်..."ကျွန်တော့်ဘေးကပ်ရက်က ဆိုဖာခုံမှာ
ဝင်ထိုင်ရင်း
လွယ်အိတ်ကို စားပွဲပေါ် ချနေတဲ့သူ..။ညနေ ကျောင်းဆင်းချိန်မှာတောင်
သူ့ပုံစံက အချောမပျက်..။
![](https://img.wattpad.com/cover/124452665-288-k814168.jpg)
YOU ARE READING
Battle [ Completed ]
Fiksi Penggemarဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....