Zawgyiမတတ်သာလို့သာ ဒီ အခြေအနေထဲ ရောက်နေရပေမယ့်..
လူတစ်ယောက် ထိုးကြိတ်ခံနေရသည့် မြင်ကွင်းကို မြင်နေရသည်က ကျွန်တော့်အတွက် သိပ်အဆင်မပြေ...။ဒါပေမယ့် ထိုက်သင့်သည့် အပြစ်ဒဏ်ကို ပေးဆပ်ရ တာ ဖြစ်သည့်အတွက် ..
ကျွန်တော့်မှာလဲ တားပိုင်ခွင့်မရှိလေ...။အခု အချိန်မှာ..ကျွန်တော် အဖြစ်ချင်ဆုံးဆန္ဒတစ်ခုက..
မှောင်မှောင်မဲမဲနဲ့ အသက်ရှူလဲ မ၀သည့် ဒီမြေအောက်ခန်းငယ်ထဲက မြန်မြန်ထွက်ရန်သာ...။တစ်ကယ်ဆို..ကျွန်တော် ဒီနေရာကို ရောက်နေစရာ..ဘာအကြောင်းမှမရှိ...။
သို့ပေမယ့် ကျွန်တော့်ကို နှုတ်နဲ့ ပဲ ဖြစ်ဖြစ် ထိခိုက်မိရင် ဘာဖြစ်နိုင်သလဲ ဆိုတာ..
လက်တွေ့ပြမယ် ဆိုပြီး Se Young hyung အတင်းဆွဲခေါ်လာခဲ့လို့..
ကျွန်တော်လဲ ..ဘာရယ်..ညာရယ်..ထပ်မပြောတော့ပဲ..သူစိတ်တိုင်းကျ လိုက်လျော လိုက်ခြင်းပင်....။"သူက..မင်းရဲ့ ဒုတိယ ခေါင်းဆောင်မဟုတ်ဘူးလား..အဲ့ဒါကို မင်းရဲ့ ရာထူးအဆင့်အတန်း ပမွှားလောက်နဲ့များ ထိကပါးရိကပါး ပြောရဲတယ်တဲ့လား..."
မေးစေ့ကနေ ဆွဲကိုင် အမော့ခံလိုက်ရသည့် ထိုငယ်သားသည်..
မျက်လုံးနှစ်ဘက်ရော..
ပါးပြင်တွေပါ..ယောင်ကိုင်းနေရုံမကပဲ..
နှုတ်ခမ်းများပါ ဖူးပေါက်နေလေပြီ..။
သို့ပေမယ့် Heaven star ဂိုဏ်းခေါင်းဆောင် ကတော့ အနည်းငယ်မျှတောင် ငဲ့ညှာ သနားပေးဖို့ ရန် စိတ်ကူး ရှိပုံမပေါ်...။
ကျွန်တော့်ထက်တောင် ထို ငယ်သားအပေါ် ဒေါသထွက်နေပုံရသည်...။စော်ကားမော်ကား ပြောဆိုခံခဲ့ရသည့် ကျွန်တော် ကိုယ်တိုင်ကတော့..သူတို့
တစ်တွေနဲ့ ခပ်လှမ်းလှမ်းမှာ..တစ်ယောက်တည်း အေးအေးလူလူသာ ထိုင် နေဖြစ်သည်...။
ဟုတ်တယ်လေ..စကားလေးနဲ့ ပြောဆိုခံရတာ အသားပဲ့ပါသွားတာမှ မဟုတ်တာ...။
သူပြောသလို..
ကိုယ် မဟုတ်ရင် ပြီးတာပဲလေ..။"အဟက်..ဒါနဲ့ Byun Baekhyun shi..
အမှန်တရား..တစ်ခုကို မသိချင်ဘူးလား.."ကိုယ်လဲ အမှားလုပ်ထားသေး..
ဝန်ချတောင်းပန်ဖို့လဲ စိတ်ကူးရေးရေးလေးတောင် ရှိပုံမရသည့် ထိုငယ်သားဆီက..
လွင့်ပျံလာခဲ့သည့် စကားလုံးတစ်ချို့က..
ကျွန်တော့် အာရုံကြောတွေကို ရုတ်တရက် နိုးကြားစေသည်...။
YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....