Zawgyi
အိမ်ကနေ အလုပ်သွားတဲ့
လမ်းကြောင်းဟာ အမြဲလိုလို
ို ကားပိတ် တတ်လို့ စောစောထွက်လာခဲ့ပေမယ့်...။ကားပေါ်အတက်မှာ
တစ်ဖြောက်နှစ်ဖြောက်ရွာနေတဲ့ မိုးစက်တွေကတစ်ဆင့်
တစ်ဖြည်းဖြည်း အရှိန်ရလာခဲ့တော့..
ကားလမ်းကြောင်းက မိုးရေစက်တွေအကြား
ပိုလို့တောင် ပိတ်ဆို့သွားခဲ့သည်..။စိတ်ပျက်စရာ မနက်ခင်းတစ်ခုရဲ့
အဆုံးသတ်မှာလည်း
စိတ်ညစ်ဖွယ် ..အကြောင်းအရာတစ်ခုက
စောင့်ကြိုနေမည်ဆိုတာ
လက်ကောက်ဝတ်မှာ ပတ်ထားတဲ့
နာရီ ဒိုင်ခွက် ငယ်က
ညွှန်ပြနေပြန်သည်..။"နောက်နှစ်မှတ်တိုင်လောက်ပဲ..
please.."သုံးမိနစ်လောက်
ထိတိုင်အောင် ကားဘီးတွေကအရှေ့ကို တစ်စင်တီမီတာ လောက်တောင်
မရွေ့နိုင်သေး...။မနက် ၉ နာရီခွဲ မှာ
အစည်းအဝေးလုပ်မည်ဟု
အသိပေးချက်တစ်ခုသည်လည်း
နောက်ထပ် ၅ မိနစ်လောက်ဆိုရင်
စတင် အကျုံးဝင်တော့မည်..။ထို အစည်းအဝေးရဲ့ အဓိက အချက်အလက်တွေက ကျွန်တော့်လက်ထဲမှာဆိုတော့..။
Co.နဲ့ နှစ်မှတ်တိုင်လောက်သာ
ကွာဝေးတော့ပေမယ့်
လမ်းလျှောက်လို့လဲ မရသော အတိုင်းအတာ
တစ်ခု ဆိုတော့..။လမ်းလေးခွဆုံက မီးပွိုင့်ကို ထိန်းချုပ်နေသည့်
ယာဉ်ထိန်းရဲ တွေ ကိုသာ
အပြစ်တင်လိုက်တော့သည်...။"ဘာလို့ အဲ့လောက်တောင် နောက်ကျနေတာလဲ..!
ဒီမှာ အားလုံးစောင့်နေကြတာ.."ကားလမ်းပိတ်ခြင်းရဲ့
အဆုံးသတ်ရလဒ်တစ်ခုကတော့
အစည်းအဝေးခန်းမှာ နေရာယူနေကြပြီ
ဖြစ်တဲ့
ကျွန်တော့်ရဲ့ အထက်လူကြီးနဲ့တကွ
စီနီယာများ၏ ငြိုငြင်မှု
အပေါင်းကို
ရရှိလိုက်ခြင်း ဖြစ်သည်...။ခေါင်းကျိုးကျမတတ် ဦးညွတ်ကာ
နောက်ကျခြင်း အပြစ်အတွက်
သူတို့ရှေ့မှောက်
အတတ်နိုင်ဆုံး အယူခံ ၀င်လိုက်ပေမယ့်..။ငြိုငြင်ခြင်းတွေ ကတော့ လျော့ကျမသွား...။
ထို့ထက် ပိုဆိုးသည်က...။

YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....