Zawgyi
စားသောက်ခန်းထဲမှာ ရှိနေကြသည့် ကလေးငယ်လေးတွေရဲ့ ထမင်းခွက်ထဲမှာ..ထမင်းတွေ လိုက်ဖြည့်လိုက်ပြီးနောက်..
တစ်စထက် ..တစ်စ..ဟာလာသော ၀မ်းကြောင့်..
နီးစပ်ရာ စားပွဲ ၀ိုင်းတစ်ခုမှာ ၀င်ထိုင်လိုက်သည်...။တစ်ခြားလူတွေ အခုထက်ထိ ..ကလေးငယ်တွေရဲ့ ဝေယျာဝစ္စကို လုပ်ပေးနေကြတုန်းဆိုပေမယ့်..
ဟာနေသော ဗိုက်နဲ့ ဘာမှ ဆက်မလုပ်နိုင်သည့်..ကိုယ်အကျင့်ကို ..
ကိုယ်သာအသိဆုံးမို့..အားနာပေမယ့်...
ဗိုက်အရင်ဖြည့်မိသည်.....။ထမင်းပန်းကန်ထဲ ကြက်သားဟင်းတစ်ဖတ် ခပ်ထည့်လိုက်တဲ့ အချိန်စက္ကန့်ပိုင်းလေးအတွင်းမှာပင်..
ကျွန်တော့်ထမင်းစားချိန်မှန်ကန်ရေး..ဂရုစိုက်
ပေးခဲ့သည့်..တစ်ချိန်က ချစ်ရသူကို လွမ်းဆွတ်မိပြန်သည်....။အခုချိန် သူဘာများ...လုပ်နေမလဲ...။
ဘယ်သူနဲ့များ..ရှိနေမလဲ....။
ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းဆိုပေမယ့်လဲ..နေ့နေ့ညည..သူ့ကိုသာ..
လွမ်းဆွတ်မိသည်...။
တမ်းတ သတိရမိသည်.....။ဒီလိုအချိန်မျိုးတွေဆို...ကျွန်တော်ကြိုက်တတ်သည့်..ဟင်းလျာတွေ ချက်ပြုတ်ကျွေးမွေးတတ်သည့်..သူ့ကို..
သိပ်သတိရသည်...။ဒါပေမယ့်..လိုအပ်နေသော..အချိန်အတိုင်း
အတာ တစ်ခုအတွက်...လွမ်းမောခြင်းဆိုတာတွေကို..ကျွန်တော် တတ်နိုင်သလောက်ကြံ့ကြံ့ခံနိုင်ရမည်လေ.....။"Jung Min-ya...ဘာလို့မျက်ရည်ဝဲနေရတာတုန်း..ဘာလဲ..အစပ်မစားနိုင်လို့လား..."
"ဘယ်မှာ...အစပ်မစားနိုင်လို့လဲ...မျက်လုံးထဲဘာဝင်သွားလို့လဲ မသိဘူး..အဲ့တာကြောင့်..မျက်ရည် ကျချင်နေတာ.."
"haha...အစပ်မစားနိုင်ဘူးဆို မစားနိုင်ဘူးပေါ့ကွာ..ဘာလဲ..."
နံဘေးနားမှာ ပတ်ပတ်လည် ၀ိုင်းကာ..ထမင်းစားသောက်နေကြသည့် ကလေးတွေဆီက အသံ တွေ ဟိုတစ်စ..ဒီတစ်စ ထွက်လာတော့..ကျွန်တော်လဲ..စိတ်အာရုံတွေကို..လက်ရှိအခြေအနေထဲ ပြန်နှစ်လိုက်မိသည်....။
ကျွန်တော့်နဲ့ နှစ်ယောက်ကျော်လောက်က..
ကောင်လေးတစ်ယောက်...။
ထမင်းတစ်လုတ်စားတိုင်း...ရှူးရှူးရှဲရှဲနဲ့ နှာရည် တွေလဲ ကျမတတ် ဖြစ်နေသည်...။
သူ့ပန်းကန်ထဲ ...ကြည့်လိုက်တော့...ငရုပ်သီး
အစပ်ကြော် နီနီရဲရဲ တွေ..ကို တွေ့ရသည်...။
YOU ARE READING
Battle [ Completed ]
Fanficဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....