Zawgyi
အဖြူလွလွ အိပ်ရာ တစ်ခုမဟူတ်ပေမယ့်လို့
လူတစ်ယောက် လှဲလျောင်းအိပ်စက်ရန်
လုံလောက်သော
သေတ္တာတစ်ခု..။အတိအကျ ဆိုလျှင်..။
သေဆုံးသွားသူ များအတွက်
ငြိမ်းချမ်းစွာ အိပ်စက်အနားယူရန်
နေရာ ပြင်ပေးထားသည့်
အခေါင်းတလား...။ကိုယ်တိုင် မရောက်ဖူးပေမယ့်လဲ
လူတစ်ကိုယ်စာလုံးကို
လောင်ကျွမ်းစေသည် ဆိုကတည်းက
အပူရှိန် ဘယ်လောက်များနေမည် ဆိုတာ
ခန့်မှန်းမိသည့်
မီးသဂြိုလ် စက်အတွင်းသို့
ထို သေတ္တာ ငယ်များကို
တာဝန်ရှိသူတွေက
အလှည့်ကျ ထည့်သွင်းပေးနေသည်..။မိသားစု ၀င်တစ်ယောက် တည်း
သေဆုံးသွားရင်တောင်
ဝမ်းနည်း ပူဆွေးခြင်းဆိုတဲ့
အရာ တွေဟာ ပြောမပြတတ်အောင်
များပြားကြသည်..။အခုတော့ဖြင့် သေတ္တာငယ်တွေကို
မီးသဂြိုလ် စက် အတွင်း ထည့်သွင်းနေသည့်
မြင်ကွင်းကို ကြည့်နေရသော
ကောင်လေး အဖို့က
သူ့တွင် ရှိသော
မိသားစု သုံးယောက်လုံးကို တစ်ပြိုင်နက်တည်း
ဆုံးရှုံးလိုက်ရသည်
ဆိုတော့
သူ့ခမျာ အရူးတစ်ပိုင်းကို
ဖြစ်နေသည်..။"omma ရေ..သားပြန်လာမယ့်
ညကတောင်
သားကြိုက်တဲ့ ဟင်းတွေ ချက်ထားမယ်လို့
ပြောခဲ့သေးတယ်လေ..ommaရဲ့..!"အပေါ် အောက် အနက်ရောင်
ဝတ်စုံ ဆင်မြန်းထားသော
ထိုလူငယ်၏ ပါးပြင်ပေါ်သို့
မျက်ရည်စက်များက
တာကျိုးသကဲ့သို့
ကျဆင်းနေကြသည်..။သူချစ်ရသည့် အဖေ အမေနဲ့
ညီငယ်လေး၏ နောက်ဆုံးခရီးကို
ပို့နေရသည်မှာ
ဘယ်လောက်တောင် ပင်ပန်းနေရှာမလဲ..။အကောင်းအတိုင်း ရှိနေကြသည့် လူတွေက
ဒီလောက်မြန်မြန်ကြီး ထွက်သွားကြမယ်မှန်းလူ့လောကထဲမှာ သူ့ကို ထားပစ်ခဲ့ ကြမည် မှန်း
အတွေးထဲ မှာတောင်
တစ်ကြိမ်တစ်ခါမှ တွေးဖူးလောက်မည် မဟုတ်သည့် ကောင်လေးထံ
ကံတရားကတော့ ရက်စက်မှုတွေသာ
ပေးသနားနေသည်..။"hyung နဲ့ တူတူ ဂိမ်းတွေ ဆော့ကြမယ်ဆို..?
Lee Yeol လဲ ကတိမတည်ဘူးကွာ..
hyung ကို ထားပစ်ခဲ့တယ်.."
YOU ARE READING
Battle [ Completed ]
Fanfictionဖြစ်နိုင်ရင် နူးညံ့တဲ့ချစ်ခြင်းစကားတွေကို နေ့တိုင်း ရွှေနားတော် အရောက် သွင်းပေးချင်တဲ့ အချစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ....