Prologue:An Angel

14.6K 634 2
                                    

နူးညံ့တဲ့တိတ်ဆိတ်ငြိမ်သက်ခြင်းတစ်ခုက
မြေပြင်တစ်ခုလုံးကို လွှမ်းခြုံနေသည်။

အဝေးက လွင့်ပျံလာတဲ့ Christmas ခေါင်းလောင်းသံများကိုလည်း
ချိုလွင်စွာကြားနေရသည်။

အိမ်တိုင်းဆီမှထွက်ပေါ်နေသော နွေးထွေးတဲ့အလင်းရောင်တွေဟာလည်း
မြို့ငယ်လေးကို အလင်းဓာတ်ထွန်းညှိပေးနေလေသည်။

ကောင်းကင်ပေါ်မှာတော့ လမင်းကြီးက ဖျော့တော့တော့နဲ့
တကိုယ်တည်း အထီးကျန်နေလေရဲ့။

ကောင်လေးတစ်ယောက်...
တိတိကျကျပြောရရင် ငါးနှစ်ပတ်ဝန်းကျင်လောက် အရွယ်လူငယ်လေးတစ်ယောက်
အေးစက်စက်ညမှာ ဆီးနှင်းများဖုံးနေသော ဇာတွေနဲ့အလှဆင်ထားတဲ့သူ့အခန်းပြတင်းပေါက်အပြင်ကို ထွက်ဖို့
တာစူနေတယ်။
အဲဒီညဟာ ဆီးနှင်းတွေပထမဆုံးစကျတဲ့ညပေါ့....။

ဒီအချိန်မှာ ကြားနေကျဖြစ်တဲ့ ကြင်နာနူးညံသောအသံလေး......
"Chip !မောင်လေးရေ.....ညစာစားလို့ရပြီကွယ်။"
လူငယ်လေးသည် လှေကားတလျှောက် ပြေးဆင်းလာသည်။စားပွဲမှာတော့ မိသားစုကိုးယောက် စုံနေကြပြီ။
သူတို့Christmas ညစာစားပွဲက သူတို့မိသားစုမုန့်တိုက်ရဲ့ မီးဖိုဆောင်နဲ့တွဲထားတဲ့ စားစရာတွေထားသောအခန်းမှာပေါ့။
ပထမဆုံး သူတို့ဆုတောင်းကြတယ်။ပြီးရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ အေးအေးလူလူ သက်တောင့်သက်သာနဲ့ညစာ သုံးဆောင်နေကြတယ်။

သူတို့ဟာကျေကျေနပ်နပ်နဲ့ ရောင့်ရဲတင်းတိမ်ကြတဲ့မိသားစုပါ။
မိသားစုတွေဟာ ထမင်းစားနေရင်း စကားစမြည်တချို့ပြောကြတယ်။
ဒီစကားဝိုင်းမှာ လူငယ်လေးတော့မပါဘူး။

သူက ကောင်တာရဲ့နောက်ဖက် အဝေးတစ်နေရာကို ကြည့်နေလေရဲ့။

သူ့ရဲ့အကြည့်စူးစူးတွေဟာ မုန့်တိုက်ရဲ့ထွင်းဖောက်မြင်နိုင်တဲ့ မှန်တံခါးကို ဖြတ်ပြီးတော့ပေါ့။

ညဖက်မှာ ဆိုင်မဖွင့်ပေမယ့်မုန့်ဖိုထဲမှာ စနစ်တကျနဲ့ သေသေသပ်သပ်ဆင့်ပြီး
စီထားတဲ့ ပေါင်မုန့်တွေကတော့ နွေးပြီးတော့ပူနေတုန်းပဲ။

မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)Where stories live. Discover now