"Honeycutt မှ ကြိုဆိုပါတယ် ။ဘာကူညီ.......''
ဟင်....မိန်းကလေးတစ်ယောက်.....
ပြောရရင်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် လောက်ရှိမယ့်
မိန်းကလေးတစ်ယောက်........
ဒါပေမယ့် သူမကြည့်ရတာ မူကြိုကျောင်းသူအရွယ်လိုပဲ။
မိန်းကလေးဟာ ဒူးအောက်နားလောက်သာရောက်တဲ့
အဖြူရောင် ဂါဝန်လေးနဲ့...အင်္ကျီ ပေါ်မှာတော့
အဆင်တန်ဆာတွေက ခပ်များများ.....
အဖြူရောင် လွလွခြေအိတ်တွေနဲ့ အနက်ရောင်
Mary Jane ဖိနပ်လေးကို စီးထားတယ်။
သူမကို ကြည့်ရတာ Alice in Wonderland ထဲက
Alice ကို အမှတ်ရစေတယ် ။
သူမကိုယ်ပေါ်မှာ sling bag လေးကိုလည်း လွယ်ထား
သေးတယ် ။ သူမဟာ ကျွန်တော့်ကို ကျောပေးပြီး
ပေါင်မုန့်စင်တွေကို လျှောက်ကြည့်ချင်နေပုံရတယ်။
လက်တစ်ဖက်ကလည်း စလွယ်သိုင်းထားတဲ့
အိတ်လေးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားတယ်။
မုန့်စင်နားကို ယောင်လည်လည် ကပ်လာတဲ့ သူမကို
ကျွန်တော် ရှိတဲ့ ဖက်ကို လှည့်ကြည့်လာအောင်အတွက်
ကျွန်တော်ပဲ စနှုတ်ဆက်လိုက်တယ်။"Hi...ညီမလေး ဘာလိုချင်တာလဲ...?''
သူမဆီက တုန့်ပြန်သံမကြားရဘူး။
အင်း......ဒီကောင်မလေး ဘာလိုချင်လို့ပါလိမ့်...?
သူမ ဘာလိုချင်တယ်ဆိုတာ ကျွန်တော် တွေးလို့မရဘူး။
ဒါကြောင့် ကျွန်တော်လည်း ကောင်တာဆီ ပြန်လာပြီး
သူမသွားလေရာကို မျက်စိနဲ့ပဲ လိုက်ကြည့်နေဖြစ်တော့တယ်။
မိန်းကလေးဟာ bakery တစ်ခုလုံးကို ပတ်ပြီး
မုန့်စင်တွေကို တစ်ခုပြီးတစ်ခု လျှောက်ကြည့်နေတယ်။
စင်ပေါ်က ပေါင်မုန့်တွေ ၊pastries တွေ ၊ ကိတ်တွေကို
စိတ်ဝင်တစား တစ်ခုစီ လိုက်ကြည့်ရင်း....
YOU ARE READING
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...