Fraisier,Beach and Cupcakes
Chip's POV
သောကြာနေ့ နေ့လယ်ခင်း.......
ဒီနေ့မှာ ရာသီဥတုကလည်း သာသာယာယာနဲ့....
ဒီအချိန် မုန့်တိုက်ကတော့ လူရှင်းနေတယ်။
အစ်မ Rose က ကောင်တာမှာ...
ကျွန်တော်ကတော့ မီးဖိုချောင်အနောက်ဖက်မှာ မုန့်ဗန်းတွေ၊
မုန့်ဖုတ်တဲ့ စင်လေးတွေကို ဆေးကြောနေတယ်...။
ရုတ်တရက် ဆိုင်ရှေ့က သာယာတဲ့ ချူသံလွင်လွင်တွေကို ကြားလိုက်ရတယ်။
ထုံးစံအတိုင်း အစ်မ Rose က ကြိုဆိုတဲ့နှုတ်ခွန်းဆက်စကားလေးနဲ့
"Honeycutt မုန့်တိုက်မှ ကြိုဆိုပါတယ်...ဘာများ ကူညီပေးရပါမလဲရှင်...!!!"
အစ်မရဲ့ နှုတ်ဆက်သံကို ကြားလိုက်ရတယ်...။
အဲဒီအချိန် အသံတစ်သံကို သတိထားမိလိုက်တယ်။
"အစ်မတို့ဆီမှာ cake အော်ဒါမှာချင်လို့ပါ...''
ဘုရားရေ....!!!ဒါ...ဒါ...Xander အသံပဲ....!!!!
***********************************************
ကျွန်တော်ဆေးနေတဲ့ မုန့်ဗန်းတွေဟာ ကြမ်းပြင်ပေါ်ကို အသံမျိုးစုံနဲ့
လက်ထဲကနေ လွတ်ကျသွားတယ်။
အဲဒီတော့ အားလုံးရဲ့အာရုံစိုက်မှုက ဒီဖက်ကို စိုက်ခနဲ...
"ဘာဖြစ်တာလဲ....အဆင်ပြေလား..?'' Rose က မီးဖိုချောင်ဖက်ကိုလှမ်းပြီး
အော်ပြောတယ်။ ကံကောင်းတာက သူမ ကောင်တာနောက်က ထွက်မလာဘူး။
"ရပါတယ်...!!!"ကျွန်တော် အသံကိုမြှင့်ပြီး အော်ပြောလိုက်တယ်။
လွတ်ကျသွားတဲ့ ဗန်းတွေ ၊ရေမြုပ်တုံးတွေကို ကောက်ယူရင်း...
မုန့်တိုက်ထဲက အသံတိုးတိုးနဲ့ စကားပြောသံတွေကို ကြားရသလောက်တော့
သူတို့ဒီဖက်ကို မလာတဲ့အတွက် ကျွန်တော်စိတ်အေးသွားရတယ်..။
မုန့်ဗန်းတွေနဲ့ စင်လေးတွေကို ဘေစင်ထဲမှာ ထည့်ထားခဲ့ပြီး
မီးဖိုချောင်အနောက်ဖက်တံခါးကနေ တိတ်တိတ်လေး ထွက်သွားလိုက်တယ်။
YOU ARE READING
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...