Chapter-12(a)

1K 160 15
                                    


Chapter 12:Balls, Shower Gel, and Perhaps a little happiness.

Xander 's POV

Shit. That was fucking cute.

"Xander.... ဟေ့ကောင်....are you OK?''

Blake က ကျွန်တော့်ကျောပေါ်ကို လက်တင်ကာ
တစ်ဖတ်ဖတ်ပုတ်ရင်း လှမ်းမေးတယ် ။
ကျောတစ်ချက်သာ တွန့်ပြလိုက်ပြီး ဘာမှတော့ ပြန်မပြောဖြစ်လိုက် ။
ဘာလို့ဆို ကွင်းတစ်ဖက်မှာရှိနေတဲ့ ချစ်စရာမြင်ကွင်းလေးဆီသို့သာ
မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတာကြောင့်....။

သူ့ဟာသူနေတဲ့ Metal pole ကို သွားပြီး တိုက်မိဖို့ဆိုတာ တော်ရုံစကေးနဲ့မရဘူး ။
ဒါပေမယ့် ဒါကို Chip က ချစ်စရာကောင်းလောက်အောင်ကို
လုပ်ပြသွားတယ် ။

"မင်း ဘာကြည့်နေတာလဲ?''

သူငယ်ချင်းတွေက ကျွန်တော်ကြည့်နေရာဆီ စူးစမ်းကာ
ဟိုဖက်ဒီဖက်လှည့်ရင်း လိုက်ရှာနေကြတယ် ။

"ဘာမှ မဟုတ်ပါဘူးကွာ''

ကျွန်တော်လည်း ပခုံး တစ်ချက်တွန့်ကာ အရေးမပါသလို
ခပ်မြန်မြန် အကြည့်လွှဲလိုက်တယ် ။

တစ်ချိန်ထဲမှာပဲ ပြေးရမယ့် အပတ်အရေအတွက်ပြည့်လို့
ရပ်နေတဲ့ Chip ဆီကို အရပ်သွယ်သွယ်နဲ့ မိန်းမလှလေးတစ်ယောက်
ချဉ်းကပ်သွားတာကို သတိထားမိလိုက်တယ်...။

"Hey...kid....မင်း ခပ်မြန်မြန် လုပ်ရမယ်....

မင်း နည်းနည်း နှေးတယ်နော်....

မင်း ကျန်းမာရေး ကောင်းတယ်မလား....?''

နည်းပြကတော့ သူ့ကို မျက်မှောင်ကုတ်လျက်
လှမ်းပြောနေပြီ....။

Chip ဟာ အံသြတကြီးနဲ့ ရုတ်တရက် ခုန်ထလိုက်တာကို
ကျွန်တော် မျက်လုံးထောင့်ကနေ လှမ်းမြင်နေရတယ်... ။

"ကျွန်တော်... တောင်း....တောင်းပန်ပါတယ်....

ကျွန်တော့်မှာ ထူး..ထူးခြားတာ မ...မရှိပါဘူး....''

သူဟာ စကားကိုတောင် ချောမောစွာ မပြောနိုင်ဘဲ
အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေပြီး အသက်ရှူ ရခက်ခဲနေတာကို သတိထားမိတယ်....။
သူ့ရဲ့ ပါးလေးတွေဟာ နှင်းဆီရောင်သန်းနေပြီး
စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းလေးတွေဟာ
ဟစိဟစိဖြစ်နေတယ်.... ။

မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)Where stories live. Discover now