ကျွန်တော့်အကြံပြုချက်ကို ကျွန်တော့် အသင်းက
လက်ခံတာကလည်း နည်းနည်း အံသြချင်စရာ ။"ကျွန်တော် ဒါ...ဒါကို ကောက်ပြီး ပြေးရမယ်လို့
ပြောတာလား?''
Chip ဟာ သူ့ဘေးက မြေပြင်ပေါ်မှာ ရှိနေတဲ့ ဘောလုံးကို
အန္တရာယ်ပေးမယ့်အရာလို့ သဘောထားနေလားတော့
မသိပါဘူး ။
သူ့မှာ ငဲ့စောင်းကြည့်ရင်း မဝံ့မရဲ ဖြစ်နေရှာတယ် ။"အင်း....ဟုတ်တယ်လေ''
ကျွန်တော့်မှာ သူ့ကိုအားပေးတဲ့အပြုံးလေးပြုံးပြမိတယ် ။
ဒီကောင်လေးဟာ ဘာလို့ ဒီလောက်တောင်
သူ့အပြုအမူတွေက အလိုလိုနေရင်း ချစ်ဖို့ကောင်းနေပါလိမ့် ??ပုဂ္ဂိုလ်ငယ်လေးဟာ မြေပြင်ပေါ်က ဘောလုံးကို
ဆတ်ခနဲ လက်မောင်းထဲသို့ ပွေ့ယူလိုက်တယ် ။
မျက်လုံးတွေကို တစ်ချက်မှိတ်ကာ အားယူပြီး
ဂိုးပေါက်ဆီသို့ တစ်ဟုန်ထိုးပြေးသွားတော့တယ် ။လိုက်ဖမ်းရမယ့်ကျွန်တော်တို့အသင်းသားတွေဟာ
တုပ်တုပ်မျှတောင် မလှုပ်ကြဘူး ။
သူတို့ဟာ ဒီ phobia လေးကို စနောက်ချင်နေတာ
ဖြစ်နိုင်သလို ဒီလောက်လေးကို ဖမ်းရမှာကို
အပျင်းတစ်နေတာလည်း ဖြစ်နိုင်တာပဲလေ ။ဒါပေမယ့် ကျွန်တော်ကတော့ ဒီလောက် ပြီးပြည့်စုံတဲ့
အခွင့်အရေးကို ဘယ်လက်လွတ်ခံပါ့မလဲ?
သူ့နောက်ကနေ ပြေးလိုက်ကာ သူ့ခါးလေးကနေ
လှည့်ပြီး သူ့တစ်ကိုယ်လုံးကို ဆွဲချုပ်လိုက်မိတယ် ။
ထိုအချိန်ကလေးမှာပဲ ကွင်းတစ်ဖက်မှာရှိနေတဲ့
နည်းပြရဲ့ ဝီစီမှုတ်သံကိုလည်း ကြားလိုက်ရတယ် ။ကျွန်တော် ဝင်လုံးတဲ့အရှိန်ကြောင့် ဟန်ချက်ပျက်ကာ
လဲမလို ဖြစ်သွားတဲ့ Chip ကိုဒီလို
ညစ်ပေနေတဲ့ ကွင်းထဲမှာ
မလဲကျသွားစေချင်ဘူး ။
ဒါကြောင့်ပဲ ကျွန်တော့်ကိုယ်ကို တစ်ပတ်လိမ်ကာ
Chip ကို ရင်ခွင်ထဲသာ ထည့်ထားမိတော့တယ် ။********************************
ရေချိုးရမယ့်အချိန်ကို ရောက်လို့လာပြီ ။
ကျွန်တော် စိတ်ဝင်စားတာက
ကိုယ်လက်သုတ်သင်တဲ့ကိစ္စ မဟုတ်ဘူး ။
ပြောရမယ်ဆိုရင်....
ကိုယ်လုံးတီးဖြစ်နေတဲ့ Chip ကို တွေ့ချင်တာလေး တစ်ခုပါပဲ ။
YOU ARE READING
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...