Chapter-9 : A picture, Lunchbox, and another
FraisierChip's POV
Xander ဟာ ဓာတ်ပုံလေးကို ကောက်ယူလိုက်ပြီး
ဖုန်ခါလိုက်ကာ စေ့စေ့စပ်စပ် အနီးကပ်ယူကြည့်လိုက်တယ် ။
သူ့မျက်လုံးတွေဟာ တစ်စုံတစ်ရာကို တွေ့လိုက်ရတဲ့ အလား
ပြူးကျယ်သွားတယ် ။"X-Xander ...''
ကျွန်တော်ဟာ မဝံ့မရဲ နဲ့ သူ့နားကို ခြေလှမ်းနည်းနည်းတိုးလိုက်ပြီး
အားစိုက်ကာ လှမ်းမေးလိုက်တယ် ။"ဘာ...ဘာဖြစ်လို့လဲဟင်? "
ကိုလောရှည်ဟာ မှန်ဘောင်ထဲက ဓာတ်ပုံကို
မမှိတ်မသုံ စိုက်ကြည့်နေတယ် ။
သူ့မျက်နှာပေါ်က အမူအရာတွေဟာ
တကယ့်ကို လေးလေးနက်နက်ဖြစ်နေတယ်ဆိုတာ
ကျွန်တော် ခံစားလို့ရနေတယ် ။ဒီဓာတ်ပုံက ဘာများ မှားနေလို့ပါလိမ့်?
Xander ဟာ လက်မလေးနဲ့ ဓာတ်ပုံလေးကို
ပွတ်ဆွဲရင်း ဓာတ်ပုံ အလယ်လောက်ကို ရောက်တာနဲ့
သူ့လက်ဟာ ရပ်တန့်သွားတယ် ။
သူရပ်တဲ့နေရာကို လက်ခနဲဖြစ်သွားတဲ့ မီးရောင်အောက်မှာ အထင်အရှားကို မြင်လိုက်ရတာကတော့......
အဲဒါကတော့ ကျွန်တော့်ငယ်ဘဝဓာတ်ပုံနေရာ......။Oh...! ဒီဓာတ်ပုံပဲ.....!!
ဟုတ်တယ်.....!!
ကျွန်တော် မှတ်မိနေသေးတယ်....
အဲဒီအချိန်တုန်းက Coco တို့ Hansel တို့နဲ့ နှင်းလုံးတွေနဲ့ အပြန်အလှန်ပစ်ပေါက်ပြီး ကစားနေခဲ့ကြတာ...
အမေက အတင်းခေါ်ပြီး ဓာတ်ပုံရိုက်ခိုင်းတာ...
အနွေးထည်တွေထဲ မြုပ်နေတဲ့ ကျွန်တော်.....
နှင်းတွေကြောင့် ပါးပြင်တွေ နီရဲနေပေမယ့်
အားရပါးရ စိတ်ပါလက်ပါ ပြုံးနေခဲ့တဲ့အချိန်လေး....။ဒါက သိပ်ကို ကြာခဲ့ပါပြီ....။
Xander ဟာ ဓာတ်ပုံဆီကနေ အကြည့်ကို ကျွန်တော့်ဆီ
ပို့လိုက်ရင်း ဓာတ်ပုံကို လက်ညှိုးထိုးကာ ကျွန်တော့်ကို
လှမ်းမေးတယ်။"ဒါက....ဒါက ဘယ်သူလဲ....?''
သူ့စကားသံတွေမှာ မွတ်သိပ်စွာ တမ်းတတဲ့ အရိပ်တွေပါပေမယ့်
အလျင်စလို မေးလာတယ် ။ဒါဟာ.....မဖြစ်နိုင်ပါဘူး....... !!
သူက Xander ပဲဟာ.....
မင်း ဘာတွေ စဉ်းစားနေတာလဲ....Chip...??
ကျွန်တော့်ခေါင်းထဲမှာ သတိပေးအချက်ပေးသံ မြည်သွားတယ် ။
YOU ARE READING
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...