Chapter-7

3.9K 433 20
                                    


Arguments,  Apologies and Chocolate Chip

[Chip]

"Giselle... ?''

ကျွန်တော့်ရဲ့ အကြည့်တစ်ချက်ဟာ စကားသံထွက်လာတဲ့
Xander ဆီကို စူးခနဲ ရောက်သွားတယ်။
သူ့မျက်လုံးတွေဟာ bakery ထဲကို ဝင်လာတဲ့
မိန်းကလေးကြောင့် အံသြတကြီး ဝိုင်းစက်သွားတယ် ။
ကျွန်တော်ကတော့ စိတ်ရှုပ်သွားလို့
Xander ဆီ တခေါက် လှည့်ကြည့်ရင်း
ဟိုမိန်းကလေးဆီပဲ အာရုံ ပြန်ရောက်သွားတယ်။

"Cupcake...?''

ကျွန်တော်က စတင်နှုတ်ဆက်တဲ့အနေနဲ့
ခေါင်းကို ညိတ်ပြရင်း မေးလိုက်တယ်။
ဘာလို့ဆို သူမဟာ ဟိုနေ့တုန်းက
Cupcake အတွက် bakery ကို
လာခဲ့တာလေ....
နောက်တစ်နေ့ ဆိုလည်း သူမ ဆလင်းဘတ်အိတ်ထဲက
ဆင့်ကိုးဆယ်နဲ့ လာခဲ့သေးတာပဲ....

"Cupcake...!!"

သူမက Xander ရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို
ဂရုမစိုက်ဘဲ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြတယ်။
Cupcake တင်ထားတဲ့ စင်ဆီကို ကျွန်တော်
လျှောက်သွားလိုက်ပြီး အလယ်မှာ တင်ထားတဲ့
အနီရောင် velvet cake ဆီသို့ လက်လှမ်းယူလိုက်တယ် ။
ယူလိုက်တဲ့ cupcake ကို သူမဆီ ငုံ့ကိုင်းပြီး
ပေးတော့ သူမက အိတ်ကိုဖွင့်ပြီး
(ဖွင့်ရတာ ခက်ခဲပုံပဲ) ထုံးစံအတိုင်း
ဆင့်ကိုးဆယ်ကို ထုတ်ယူလိုက်တယ် ။
ကျွန်တော့် မျက်လုံးတွေဟာ Xander ရဲ့ မျက်နှာဆီ
ဖျတ်ခနဲ ရောက်သွားတယ်။
သူ့မျက်နှာဟာ နည်းနည်း စိတ်လှုပ်ရှားပုံပေါ်နေတယ် ။
သူဟာ တစ်စုံတစ်ရာလုပ်ဖို့ ကြိုးစားနေမှန်း
နှုတ်ခမ်းတင်းတင်းစေ့ထားတာက သက်သေပြနေတယ် ။
သူဟာ bakery ထဲကို ခပ်သွက်သွက် လျှောက်လာပြီး
မိန်းကလေးရဲ့ပခုံးကို လက်တစ်ဖက်နဲ့
တင်းကျပ်စွာ ကိုင်လိုက်တယ် ။

"Giselle.... နင် နေ့တိုင်း လာနေတဲ့နေရာက

ဒီနေရာ လား?''

Xander ရဲ့အသံဟာ မယုံနိုင်လောက်အောင်
နူးညံ့နေတယ်....
သူ့မျက်လုံးတွေကတော့ ရုတ်တရက် ဒေါသထွက်နေပုံပဲ....

Giselle.... Giselle..... ?
ဒီနာမည်.......ကိတ်ပေါ်မှာ ငါရေးခဲ့ရတဲ့ နာမည်.....
သူမ.... Giselle.......သူမဟာ အရပ်ရှည်ရှည်လူရဲ့
တင်းမာနေတဲ့ အကြည့်အောက်မှာ တွန်ဆုတ်ဆုတ်ဖြစ်နေပြီး
သူ့အကြည့်ကို ရှောင်တဲ့အနေနဲ့ ကိုယ့်ခြေထောက်ဆီကိုပဲ
တစိုက်မတ်မတ် ကြည့်နေတော့တယ် ။

မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)Where stories live. Discover now