Makeovers, Surprises, and GiselleChip's POV
ပထမဆုံး ဝင်လိုက်တဲ့ဆိုင်က Abercrombie.....!!
ဒါကို ကျွန်တော် မျှော်လင့်ပြီးသားပါ...
ဘာလို့ဆို ကျွန်တော် ဆိုလိုတာက Ella က
Brand names တွေကို ချစ်တယ်လေ...."Okay Chip...ပထမဆုံး အနေနဲ့
အဝတ်လဲခန်းထဲကို Kim နဲ့ လိုက်သွား...''
Ella က ကျွန်တော့်ကို နောက်ကနေတွန်းရင်း
အခန်းထဲကို ပို့နေတယ်...။"ငါတို့က အပြင်ကနေပြီး အဝတ်တွေကို
ယူပေးမယ်လေ...''
"ဟမ်...ဘာပြောတာလဲ...?...ခဏနေပါအုံး..!!"
Kim က ကျွန်တော့်ကို နောက်ကနေ တွန်းရင်းနဲ့
အခန်းလွတ်ထဲကို ဆွဲသွင်းလိုက်ပြီး တံခါးကို ပိတ်လိုက်တယ်။"အဝတ်တွေကို ချွတ်လိုက်..!!"
သူမက ကျွန်တော့်ကို အမိန့်ပေးနေတယ်။
ကျွန်တော် ရုတ်တရက် ရှက်သွားတယ်။
အဝတ်တွေကို ချွတ်ပြီး ကျွန်တော် နဲ့ မရင်းနှီးတဲ့
မိန်းကလေးအုပ်စုထဲ fashion ကျကျ ဝတ်ပြီး
ထွက်ပြရမယ်ဆိုတော့.....
Kim ကိုတော့ သူငယ်ချင်း ဖြစ်လို့ မရှက်ပါဘူး။"ဒါ ဝတ်ကြည့်ပါ...!"
အဝတ်ကမ်းပေးတာ Anya ထင်တယ် ။
သူမက jeans တစ်စုံ ကို တံခါးလေးဟပြီး ပစ်ပေးတာကြောင့်
ကျွန်တော့် မှာ ကိုးရိုးကားယားနဲ့ ဖမ်းလိုက်ရတယ် ။
ယောင်တောင်တောင် နဲ့ ကျွန်တော့်မှာ
အဝတ်တွေကို ခန္ဓာကိုယ် နဲ့ တော်လား မတော်လား
ဆိုတာ တိုင်းကြည့်လိုက်ရတယ် ။Jeans တွေဟာ ကျွန်တော်နဲ့ မတော်သလိုပဲ ။
အဲဒီအဝတ်အစားကို ရေပုလင်းကို ဝတ်ပေးရင်တောင်
fit ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် လောင်းကြေးထပ်ရဲတယ်။
ကျွန်တော် ဝတ်ရမယ့်ဒီလို အဝတ်မျိုးလည်း ကမ္ဘာကြီးမှာ
ရှိပါသေးလားဆိုပြီး အဝတ်တွေကို စိုက်ကြည့်မိတယ် ။
YOU ARE READING
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...