Chapter-1(a)

5.8K 428 0
                                    

Baked Loved:Hot cross buns

လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ဝေဖာမုန့်တွေနဲ့ ရွှေဖရုံပေါင်မုန့်လုံးကင်တို့ရဲ့
မွှေးပျံတဲ့ရနံတွေဟာ မနက်စောစောစီးစီး ကျွန်တော့်အခန်းထဲထိ လွင့်ပျံလာတယ်။

ဒီလို နေ့တိုင်း ဖြစ်နေတာဟာ ကျွန်တော့်အတွက်တော့ သိပ်ပြီးစဉ်းစားရလောက်အောင် ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလေ။
အောက်ထပ်တစ်ထပ်လုံးက မုန့်တိုက် ဖြစ်နေတာကိုး။

အရသာရှိတဲ့ ဝေဖာမုန့်တွေကို မုန့်ဗန်းတွေထဲမှာ အလွယ်တကူယူလို့ရအောင်
ထည့်ထားပေမယ့် ကျွန်တော်ယူမစားပါဘူး။

"ကိတ်မုန့်လုံးလေးတွေနော်! " Rose က တံခါးအပြင်ကနေ အော်ပြောနေတယ်။
သူမလက်တွေကလည်း သစ်အမာသားမဟုတ်တဲ့တံခါးပေါ်မှာ တဒေါက်ဒေါက်နဲ့။
တံခါးခေါက်သံကြောင့် ကျွန်တော် အိပ်နေရာက ဆတ်ခနဲ နိုးသွားတယ်။

နံနက်စာအတွက် ကိတ်မုန့်လုံးလေးတွေကိုစဉ်းစားရင်း ခေါင်းအုံးပေါ်က ခေါင်းကို
မထချင်ထချင်နဲ့ ဆွဲထူလိုက်ပြီးတော့ တစ်အိမ်လုံးမှာတစ်ခုတည်းသာရှိတဲ့ သန့်စင်ခန်းဆီ ဦးတည်လိုက်တယ်။

ဟာ.... ဒါတော့ သိသိသာသာ အပိုင်စီးတာပဲ။
သန့်စင်ခန်းတံခါးရှေ့မှာ ဒုတိယမြောက်အမကြီးဖြစ်တဲ့ Coco ဟာ ခြေဆောင့်ပြီး တံခါးကိုတဒုန်းဒုန်းထုနေတာကို တွေ့လိုက်တယ် ။
ပါးစပ်ကလည်း တတွတ်တွတ်ပြောရင်း နာမည်ခေါ်လိုက်တယ်။

"Gretel ! "
"ဘာလဲ ''သန့်စင်ခန်းထဲက မိန်းကလေးက ပြန်အော်တယ်။

" ငါမအားဘူး ''

Coco စိတ်တိုသွားတယ်။'' နင်တချိန်လုံး ဒါပဲပြောနေတာပဲ ''
သူမဟာ လက်ပိုက်လိုက်တယ်။ပြီးရင် မျက်လုံးတွေကို ဟိုဖက်ဒီဖက် ကစားလိုက်
ရင်း စကားတခွန်းမှ မပြောတော့ဘဲ လှစ်ခနဲ ပြေးထွက်သွားတယ်။

အစ်မကြီး Rosemary ကို Gretel နဲ့ပတ်သတ်လို့ တိုင်တန်းနေသံကို ခပ်သဲ့သဲ့ ကြားနေရတယ်။
မနက်မိုးလင်းတာနဲ့ Gretel လုပ်နေကျ မိတ်ကပ်လိမ်းတဲ့အလုပ်ကိုလေ။
ကျွန်တော်တို့ဟာ တစ်ခုခုဆို အမကြီး Rose ကို အသိပေးနေကျ။
ဘာဖြစ်လို့လဲဆိုတော့ အမကြီးအမိအရာဖြစ်လို့ ပေါ့။

ဆယ့်ငါးမိနစ်ကျော်ကျော်လောက်ကြာတော့ Gretel ဟာသန့်စင်ခန်းထဲက ထွက်လာပါပြီ။
လှပစွာပြင်ဆင်ပြီး ကျောင်းသွားမလို့လေ။

" အချိန်တော်တော်ယူလိုက်ရတာပဲ။ ''ကျွန်တော်ကပြုံးဖြဲဖြဲနဲ့ တံခါးဝကျဉ်းကျဉ်းလေးထဲမှာ သူမ ကိုရှောင်လိုက်ရင်း လွှတ်ခနဲ စလိုက်မိတယ်။

သူမကတော့ ကျွန်တော့်ကို လျှာထုတ်ပြောင်ပြနေလေရဲ့။

" မျက်နှာသစ်ဆေး ကုန်နေပြီ။ Henselက တစ်ခါသုံးရင် လက်တစ်ဆုပ်စာလောက်စီ သုံးတာကိုး။''

ကျွန်တော့်အစ်မဟာ သူ့အမွှာကို မနှစ်မြို့သလို နှခါင်းရှုံ့ပြီး အပြစ်တင်နေတယ်။

ကျွန်တော်က အစ်မပါးကိုလက်ညှိုးလေးနဲ့ထောက်ပြီး ''ကြောင်သူတော်ကြီး..
အနီးဆုံးစတိုးဆိုင်ကို ပြေးပြီးသွားဝယ်လိုက်ပါ့မယ်။ ''

Gretel မျက်လုံးတွေ အရောင်တောက်သွားတယ်။
" ဒီလိုဆို သိပ်ကောင်းတာပေါ့ ။ ''

သူက ဒီလိုအဖြေမျိုးကို ကြားချင်လို့ စောင့်နေတာ။

" ဟေ့..နင်သွားရင် မျက်နှာသစ်ဆေးနှစ်ဗူးလောက်ဆွဲခဲ့နော်။
လူခုနှစ်ယောက်လုံး သုံးတာလေ။
တစ်ဗူးဆိုရင် မြန်မြန်ကုန်သွားမှာပေါ့။ ''

ဟုတ်ပါရဲ့။အစ်မလေးယောက် အစ်ကိုနှစ်ယောက်။ကျွန်တော်အပါအဝင်
ဆိုရင် ခုနှစ်ယောက်။

ကျွန်တော်လည်း ယောင်တောင်တောင် ခေါင်းညိတ်မိသလားပဲ။
အသံတစာစာနဲ့ တောင်းဆိုစရာတွေများတဲ့အမအသံကို မကြားချင်တော့တာနဲ့
ကျွန်တော်လည်း တံခါးကို မြန်မြန်လေး ဆွဲပိတ်လိုက်တော့တယ်။






မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon