နောက်တစ်ချိန် စာသင်ချိန်ဟာ Home Economics အချိန်ပါ။
ပထမဆုံးစာသင်ချိန်တုန်းက ကျွန်တော် ဘာကြောင့် ဒီဘာသာရပ်ကို
သိပ်စိတ်ဝင်စားနေခဲ့ရတာလဲ..?
Oh..ဟုတ်တာပေါ့...
အကြောင်းရင်းက Xander ပဲ။
အခုရော...! ကျွန်တော် ဘာကြောင့် ကြောက်နေရတာလဲ...??
ဒါလည်း Xander ကြောင့်ပဲ။
အတန်းမစခင် ကိုယ့်နေရာလေးမှာ ကိုယ်နေရင်း ခြေထောက်တွေကို
အကြောင်းမဲ့ ရှေ့တိုးနောက်ဆုတ်လုပ်ရင်း တစ်ယောက်တည်း ခေါင်းညိတ်မိတယ်။
ရင်မဆိုင်ရဲတဲ့ကျွန်တော်ဟာ သူနဲ့ မျက်နှာချင်းဆိုင်ရမှာ ကြောက်နေတာ...
သူ့ကို စကားပြောဖို့ရောပဲ။
ဒါပေမယ့် မမျိုသိပ်နိုင်တဲ့ စိတ်နဲ့အတူ သူ့ကို မေးခွန်းတစ်ခုလောက်
မေးဖို့အတွက် စိတ်ထဲမှာ လောနေမိတယ်။
စိတ်သောကလည်း ရောက်နေရတယ်။
" တစ်ယောက်ယောက်ကို မင်းပြောသေးလား..?? "
ကျွန်တော် နောက်ပြောင်ပြောနေတာ မဟုတ်ဘူး...
သူ တကယ်ကို တစ်ယောက်ယောက်ကို ပြောနိုင်တယ်။
အများကြီးမဟုတ်တောင် တစ်ယောက် နှစ်ယောက်လောက်ပေါ့...
ဒါနဲ့ပဲ သတင်းက ပျံ့သွားတော့မယ်။
ဟာ....!! ငါ အတွေး လွန်နေပြီ။ ငါ့ဦးနှောက်တွေ ပွင့်ထွက်တော့မယ်။
ကျောင်းသူကျောင်းသားတွေက အခန်းထဲမှာ နာရီဝက်လောက်ကတည်းက
ကြိုရောက်နေကြပြီ။
"ကဲ..my students တို့ရေ.... ဒီနေ့အတွက် ခေါင်းစဉ်က Pie ပါ..
မင်းတို့ ဘယ်အမျိုးအစားကိုမဆို လုပ်နိုင်တယ်။ပေါင်မုန့်အသားနဲ့
ဖြည့်စွက်စာတွေနဲ့ပေါ့..''
Mrs.Harry က ရွှင်ပျ စွာ ကြော်ငြာလိုက်တယ်။
" အချိန်ကတော့ နှစ်နာရီနော်...''
Oh,no...Xander နောက်ကျလိုက်တာ...
YOU ARE READING
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...