Jealousy, A girl and a MakeoverXander ရဲ့ တစ်ခြားအသွင် တစ်မျိုးကို မြင်ရတာဟာ
ယောက်ျားတွေအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ သဘောထားတွေကို
အမှန်တကယ် သံသယဝင်စေမိပါတယ်....။
ကျွန်တော် မသိလိုက်ခင်ကို ရက်သတ္တပတ်ရဲ့
နောက်ဆုံး အားလပ်ရက် နေ့လည်ခင်း တိုင်းမှာ
သူဟာ bakery မှာပဲ ရှိနေတယ်။
သူ ဘာလုပ်နေတာပါလိမ့်...?
မေးချင်နေတာ ကြာပြီ....
ဘာမှ လုပ်တာလဲမမြင်ဘူး....!Rose, Gretel, Coco တို့နဲ့ ဆိုရင်
သူတို့ဟာ ရည်းစားတွေ လိုပဲ ။
ကျွန်တော့်ကိုဆိုရင် ငကြောင်လေးလို
ဆက်ဆံတာကြောင့် ရင်ထဲမှာ နာကျင်ရတယ်။
ဟော...အခုလည်း လာပါပြီ....."Xander.. ! ဒီနေ့ အလုပ် ကောင်းကောင်း လုပ်ပါ...
မင်း တစ်ခုခုများ မသောက်ချင်ဘူးလား?
မဟုတ်ရင် ဘာစားချင်လဲ..? "
Xander ရဲ့ ခြေလှမ်းကျဲ တွေ bakery ထဲကို
လှမ်းဝင်တဲ့အခါ Gretel က စိတ်အားထက်သန်စွာ
မေးလိုက်တယ်။အလုပ်ကောင်းတယ်..!!? ဟမ်...ဘာပြောတာလဲ... ?
အစ်မကို ကျွန်တော် မကျေမနပ်နဲ့ စူးစူးကြီး ကြည့်လိုက်တယ်။
ဒီလို စကားတွေကို ဖွဲ့နွဲ့ ပြဖို့အတွက်
သူလုပ်ခဲ့တာ ဘာရှိလို့လဲ..??
ကျွန်တော်ကတော့ ကျောင်းဆင်းချိန်ဆို
အပြေးအလွှား ပြန်လာပြီး ထုံးစံအတိုင်း
မီးဖိုခန်းထဲမှာ ညက်ပြီးသား ဂျုံ တွေကို
အနယ်ဝစေဖို့ ထပ်နယ်ပေးရတယ်။
သူကတော့ ကျေါင်းဆင်းရင်လည်း အေးအေးလူလူပဲ ။
အခုလည်း အရူးကွက်နင်းဖို့ ရောက်နေပြီ။
တကယ် စိတ်တိုတယ် ။နယ်ပြီးသားဂျုံတွေထဲ တဆေးထည့်ရင်း
အစ်မ မျက်နှာကို လှမ်းအကဲခတ်လိုက်တယ်။"Hmm..''
Xander ကတော့ ကောင်တာနားမှာ
ခပ်လျော့လျော့ မှီရင်း လူရည်လည်တဲ့ စကားကောင်းသူတို့
ထုံးစံအတိုင်း....."ကျွန်တော်.... တစ်ခွက် လိုချင်......''
Gretel ရဲ့ မျက်လုံးတွေဟာ မျှော်လင့်ချက်နဲ့
အရောင် တောက်သွားတယ်။သူက မျက်လုံး
တစ်ဖက် မှိတ်ပြလိုက်တယ်။
BINABASA MO ANG
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...