Chapter-11

2.6K 388 20
                                    

Chapter-11: HugsTaking the bullet, and....Metal poles.

Xander 's POV

Chip ကိုယ်လေးဟာ အနေတော် ရေနွေးပုလင်းလေးလို
နွေးနွေးလေး.....
သူဟာ ကျွန်တော့်ရင်ခွင်ထဲမှာ ခပ်တောင့်တောင့် အနေအထားနဲ့...
သူ့မျက်နှာကတော့ ကျွန်တော့် ရင်ဘတ်ပေါ်မှာ မြုပ်နေတယ်....
ကြောက်ရွံ့နေတဲ့ ရွှေယုန်လေးလို ပြင်းစွာ ခုန်လှုပ်နေတဲ့
သူ့နှလုံးခုန်သံလေးတွေကို ကျွန်တော် ခံစားမိပါတယ်...။

နှင်းပွင့်ချပ်လေးတွေ ပထမဆုံး စကျတဲ့ ညလေးမှာ
အဝေးဆီက Christmas  ခေါင်းလောင်းသံလွင်လွင်လေးကို
ကြားမိသလိုမျိုး.....

"Xander... ?? အစ်ကိုရော....ဘယ်လို......''

ကျွန်တော် သူ့ကို ထပ်ပြီးတော့ ခပ်တင်းတင်း ပွေ့ဖက်လိုက်တယ်။

ဟင့်အင်း....!!....ဒီလို ကျွန်တော်တို့နှစ်ယောက် ထိတွေ့နေတဲ့
အချိန်ခဏလေးမှာ တခြားဘယ်အရာမှ ကျွန်တော်တို့ကြားကို
မဝင်စေချင်ဘူး...။
အရေးကြီးတာတွေရော...မကြီးတာတွေရော...
စိတ်ရှုပ်စရာတွေရော....ဘာမှ မလိုချင်တော့ဘူး....
ဒီအတိုင်းလေးနဲ့ ကျေနပ်ပါတယ်....
အကုန်ပြီးပြည့်စုံနေသလိုပေါ့....။

ခပ်ရှက်ရှက်ဖြစ်နေတဲ့ မျက်နှာရဲရဲလေး.....
Hot cross buns ထည့်တဲ့ အိတ်လို နွေးနွေးလေး.....
ကျွန်တော့်ဘဝကို  အလင်းရောင်ထွန်းညှိပေးတဲ့ အပြုံးလှလှလေး....

ဒီကောင်လေးကို ဖက်ရတာ ဒီလောက်သက်သောင့်သက်သာဖြစ်လိမ့်မယ်လို့
ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး...။
မဟုတ်ရင် Chip ရဲ့ နှစ်လိုဖွယ် အနံ့လေးကြောင့်လည်း
ဖြစ်ရင်ဖြစ်မှာပေါ့....။

ကျွန်တော့် ရင်ဘတ်ပေါ်မှာ ပူနွေးတဲ့ စီးကြောင်းလေး
စီးနေတာကို ခံစားလို့ရနေတယ် ။
သူ့ကျောလေးကိုလည်း ခပ်ဖွဖွ ပုတ်ကာ နှစ်သိမ့်ချောမြှူ လိုက်တယ် ။

"အစ်....ကို....အ..ကျီင်္ီ...ပေါ်မှာ....ကျွန်...တော့်... မျက်ရည်...တွေ....

စိုကုန်....ပြီ....!!''

နှာသံတစ်ရှုပ်ရှုပ်နဲ့ သူ့အသံလေးက နောက်ဆုံးတော့ ထွက်လာခဲ့ပြီ....

မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)Where stories live. Discover now