Chapter-4(a)

2.5K 347 1
                                    

Secrets, Shepherd's pie and Fire

Chip's POV

"သကြားရည်နဲ့လုပ်ထားတဲ့ cupcakes ရနိုင်မလားခင်ဗျာ...?''

Xander ရဲ့မေးသံကို ကြားလိုက်ရတယ်။

သူ့အသံကြားရတာ ကျွန်တော်နေရထိုင်ရ မသက်သာသလိုဘဲ...။

"သြော်... ရတာပေါ့..။မုန့်နဲ့ပတ်သက်လို့ ဆွေးနွေးချင်တာလား..?''

Rose က ရွှင်မြူးစွာ မေးလိုက်တယ်။

Xander ခေါင်းညိတ်လိုက်တယ်လို့ ကျွန်တော်ထင်တယ်။

ဘာကြောင့်ဆိုတော့.....

"Chipရေ...ခဏ ထွက်လာပါအုံးကွယ်..။ဒီမှာ ဝယ်သူ ရောက်နေလို့..!!"

သြော်...!! ကျွန်တော့်ကံတရားကတော့.....

****  ***** ***** ***** ***** ****** ***** ***** ******

Cupcakes မှာသံကြားကတည်းက ကျွန်တော်တော့ သေပြီလို့ သိလိုက်တယ်။

အစ်မကတော့ ကျွန်တော်သေစေမယ့် စကားတွေကို လုံးစေ့ပတ်စေ့ပြောနေ

တော့တာပဲ။ကျွန်တော်က cupcakes မုန့်တွေကို လုပ်တဲ့သူတွေထဲက

တစ်ယောက်ဆိုတော့လေ...။အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး

မီးဖိုချောင်ထဲကနေ လှမ်းအသံပေးလိုက်ရတယ်။

"လာပြီ...လာပြီ..!!"

ကျွန်တော် မီးဖိုချောင်က မထွက်ခင်ကတည်းက Rose ရဲ့

မျက်မှောင်ကုတ်ပြောသံကို ကြားနေရတယ်။

"Chip...! ခဏလောက် ထွက်လာရမှာကို... ! ဝယ်သူကို အားနာစရာ...!!"

ကျွန်တော် ဘာမှပြန်မပြောနိုင်ဘူး။ Rose ကတော့ ကောင်တာရှေ့မှာ

ရပ်နေတဲ့ စကားပြောကောင်းတဲ့လူသား Xander ရှေ့မှာ ရှက်ကိုးရှက်ကန်း

ရယ်နေရင်း အကြောင်းပြချက်တွေ ပေးနေတယ်။

ပြီးရင် သူမဟာ မီးဖိုခန်းကိုဝင်လာပြီး ကျွန်တော့်လက်မောင်းကနေ ဆွဲယူကာ

"Chip..! မင်းဘာလုပ်ဖို့ စဉ်းစားနေတာလဲ..?''

ကျွန်တော် သူမရဲ့ အကြည့်စူးစူးကြောင့် တွန်ဆုတ်ဆုတ်ဖြစ်မိတယ်။

မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)Where stories live. Discover now