Chapter-8: Beer,Strawberry-flavour, and photo
frames .Chip's POV
အင်း.....ပြီးပြည့်စုံတဲ့ စနေနေ့ နေ့လည်ခင်းလေးပဲ ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစ်မ Rose မှာထားတဲ့
ဖန်ကရားရယ် သောက်စရာ တစ်ချို့ရယ်ကို ဝယ်ဖို့အတွက်
အဆင်ပြေရာ store တစ်ခုမှာ ဝယ်စရာရှိတာ ဝယ်နေတုန်းမှာပေါ့.....။အဲဒီမှာ Xander နဲ့ တွေ့ရတာပဲ...။
"Chocalate Chip....!!''
တကယ်တော့ အဲလို မတွေ့ချင်ပါဘူး.....!!
တကယ့်ကိုပါ....!!
Xander လိုလူမျိုးတစ်ယောက် ကျွန်တော့် ပတ်ဝန်းကျင်မှာ
ရှိနေရင် ကျွန်တော် ဘာမှ မလုပ်တတ်တော့ဘဲ
ယောင်ချာချာတွေ ဖြစ်ကုန်ရော....။
(ကျွန်တော့် ခံစားချက် ဘယ်လို ဆိုတာ ခင်ဗျားတို့လည်း
သိတာပဲမလား...)ချိုသာတဲ့ ခေါ်သံလေးကို ကြားလိုက်တယ်ဆိုရင်ပဲ
ဒီခေါ်သံဟာ ဘယ်သူဆိုတာကို ကျွန်တော် သိလိုက်တာကြောင့်
ခံစားချက်တွေ ခေါင်းထောင်လာတယ် ။"Gise-!"
လှပတဲ့ မိန်းကလေး ဘေးက အရပ်ရှည်ရှည် သဏ္ဌာန်တစ်ခုကို
မြင်လိုက်တာနဲ့ ကျွန်တော့် အသံဟာ
ရုတ်ချည်းရပ်တန့်သွားတော့တယ် ။
ကျွန်တော့် လက်ထဲက ကရားထည်းထားတဲ့ ကတ်ထူပုံးကြီးကိုလည်း ခပ်တင်းတင်း
ဆုပ်ကိုင်မိသွားတယ်။"Cupcake... cupcake.... cupcake! "
Giselle ဟာ ကျွန်တော့် အင်္ကျီ စကိုဆွဲကိုင်လှုပ်ရမ်းရင်း
အဆက်မပြတ် ခေါ်နေတယ် ။
ကျွန်တော်လည်း သူမဆံပင်ကို ခပ်ဖွဖွ ပွတ်သပ်ရင်း
အစ်ကိုက ခွင့်ပြု ရဲ့လားလို့ မေးလိုက်ရတယ် ။
ဘာလို့ဆို သူ့အစ်ကို ခွင့်ပြု မှ bakery ကို
သူမလာပြီး လက်ဖက်ရည်လာသောက်လို့ရမှာလေ... ။Xander နဲ့ အချေအတင် နည်းနည်းဖြစ်ခဲ့ချိန်ကစလို့
အစ်မ Roseဟာ ဒီမောင်နှမကို အိမ်ကို
ထမင်းစားဖိတ်ဖို့ချည်း ပြောနေတော့တာပဲ ။
ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်ရတယ် ။
Giselle လေးကိုတော့ စိတ်ထဲမှာ ဘာမှ မထားပါဘူး... ။
ဒါပေမယ့်....ဟိုလူကြီး.....Xander ကျတော့.....။ကျွန်တော့်မှာ သူ့နဲ့ အကြည့်ချင်းဆုံဖို့ မဝံ့ရဲဘူး ။
"Hey....''
YOU ARE READING
မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)
Teen FictionChip Honeycutt မှာမိန်းကလေးဆန်တဲ့နာမည်တစ်ခုရှိတယ်။ ဒါက ပြသနာမဟုတ်ပါဘူး။ အဓိကကိစ္စက သူ့မိသားစုဟာမုန်တိုက်တစ်ခုပိုင်ဆိုင်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားတာပါပဲ။ ပြီးတော့ သူကမုန့်ဖုတ်တဲ့အလုပ်ကိုလည်း ချစ်သေးတယ်လေ။ ဒီလိုအချိန် လူသစ်တယောက် ရောက်လာတယ်။ ဒီလူသစ်...