Chapter-10

2.2K 380 17
                                    




Chapter-10:That B*tch.

Chip's POV


ကျွန်တော် ဝန်ခံရမှာကို သိပ်မုန်းတယ် ။
ဒါပေမယ့် Xander နဲ့ Vicky တို့ အတွက်တော့ တကယ့်အချိန်ကောင်းပဲ....။
သူတို့ရယ်ရယ်မောမောနဲ့ အလုပ်တွေ လုပ်နေကြတာ
ကျွန်တော်နဲ့သိတဲ့ Xander မဟုတ်သလိုပဲ.... ။
ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ buttercream တွေကို
ရောလိုက်တယ် ။
ပြီးရင် အိတ်အဖျားလေးကို ခေါက်လိုက်ပြီး
cake အကြမ်းပေါ်မှာ နေရာအနှံ့ဖြန့်ချလိုက်တယ် ။

ပြီးတာနဲ့ icing တွေကို piping bag ထဲ ထည့်လိုက်ပြီး
မုန့်ပေါ်သို့ အသာလေးညှစ်ချကာ ပန်းပုံ အရွယ်အစားရအောင်
ပုံဖော်နေလိုက်တယ် ။
ကြည့်ရတာ chocolate အုပ်ထားတဲ့ strawberries cake ဟာ
သိပ်တော့ စားချင်စဖွယ်ဖြစ်မနေဘူး....။

"Hey....Xander.... !"

Vicky ဟာ ဆွဲဆောင်တဲ့လေသံနဲ့ လှမ်းခေါ်နေတယ် ။

"ဒီ cream ကို လုပ်ကြည့်ရအောင်.....!!

ဒါအဆင်ပြေမယ်လို့ ရှင်ထင်လားဟင်....?''

သူမကတော့ cream ထည့်ထားတဲ့ ခွက်ထဲမှာ
လက်တွေထည့်ကာ အလုပ်ရှုပ်နေရင်း ချိုလွင်တဲ့ အသံလေးနဲ့
Xander ကို ဆွဲဆောင်နေတယ် ။
အဲဒါကို Xander ရဲ့ပါးစပ်နားရောက်အောင်လည်း
ကြိုးစားလိုက်သေးတယ် ။
(ဒီလိုပုံစံ.....ဒီလိုလေသံမျိုးနဲ့များ Bakery ထဲမှာ ကျွန်တော်
လုပ်ကြည့်ပါလား....
Rose ဆီမှာ အသတ်ခံသွားရနိုင်တယ် )

သူမပုံစံက တွေဝေတွန့်ဆုတ်တဲ့ဟန် လုံးဝမရှိဘူး ။
Xander ပုံကြည့်ရတာ သိပ်မလိုလားတဲ့ဟန်
(ကျွန်တော့်အထင်) ပြပေမယ့် သူမလက်တွေကတော့
သူ့ပါးစပ်နားမှာ ဝဲနေတုန်းပဲ....။
သူ့ပါးစပ်ထဲသို့ အတင်းထိုးသွင်းလိုက်တဲ့ သူမလက်ချောင်းတွေကိုကြည့်ရင်း ကျွန်တော် ဘယ်လိုမှ
ခံနိုင်ရည်မရှိတော့တာကြောင့် ဖျတ်ခနဲ အကြည့်လွှဲကာ
အဝေးကို ငေးနေလိုက်ရတော့တယ် ။

"ကောင်းတယ်မလားဟင်....?''

Vicky ဟာ အပြုံးလှလှလေးနဲ့ ဆွဲဆောင်နေပြန်တယ် ။

Xander ကို ကြည့်ရတာတော့ အရသာကိုပဲ
အလေးအနက် ခံစားကြည့်နေပုံပါ....။

မုန့်ဖုတ်သမားလေး ကျွန်တော့်ချစ်သူ (Baked Love)(Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin