သူနှင့်လွတ်လပ်ခြင်း
***************
လူတိုင်း ဟာ လွတ်လပ်မူကို ခုံမင်ကြမှာ အမှန်ပါ။ ဒါပေမယ့် လွတ်လပ်လိုပုံခြင်းကတော့ ကွားခြားကျလိမ့်မယ် ထင်ပါတယ်။ ဆိုတော့ ဆရာတာရာမင်းဝေကကော ဘယ်လိုလွတ်လပ်ချင်ခဲ့ပါသလဲ။
(လူငယ်သည် လူငယ်လို လွတ်လပ်ပေါ့ပါးဖို့ပဲ လိုပါသည်။)(တာရာမင်းဝေ၏ရှုးမှ.....)
သူက လူငယ်တစ်ယောက်ဘဝမှာ လူငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးနေဖို့ပဲ အလိုရှိခဲ့ပါတယ်။ သူ တို့ခေတ်က လူငယ်အများစုရဲ့ နေထိုင်ရမူ ပုံစံဟာ မလွတ်လပ်ဘူးလို့ သူယူဆပြီး သူထုတ်ဖော်ပြပါတယ်။ ဒါကြောင့်
ဆရာ တာရာမင်းဝေဟာ လူငယ်တွေအပေါ် မှာ လည်း ကိုယ်ချင်းစာနာစိတ် ရှိတယ်ဆိုတာကို တွေ့မြင်ရပြီး တစ်ယောက်တည်း လွတ်မြောက်ဖို့ထက် အမြောက်အမြားလွတ်မြောက်ဖို့ကိုသာ ပိုဦးစားပေးတတ်သူဖြစ်ကြောင်းကို တွေ့မြင်ရပါတယ်။
သူရဲ့ စာပေ အရေးအသားတွေထဲမှာ လူငယ်များနဲ့ ဆက်စပ်ပြီး ရေးသားမူများတွေဟာ အတော်များခဲ့ပါတယ်။ ဆရာတာရာမင်းဝေ ဆိုထားသကဲ့သို့ဆိုလျှင်
လူငယ်တွေဟာ လွတ်လပ်ပေါ့ပါးဖို့ အတွက်က အဘယ်ကြောင့် လိုအပ်ရပါသနည်း။ ဆရာ တာရာမင်းဝေလို လူငယ်တစ်ယောက်အတွက်ကတော့ လွတ်လပ်မူဆိုတာက အသက်တမျှ အရေးကြီးနေပါလိမ့်မယ်။ အထူးသဖြင့် အနုပညာ လွတ်လပ်ခွင့်က ပိုလို့ပင် အရေးကြီးနေပါလိမ့်မယ်။ဆရာတာရာမင်းဝေဟာ လူငယ်တစ်ယောက်အဖြစ်မှ ကြီးပြင်းလာခဲ့သူ ဖြစ်သည့်အလျှောတ် လူငယ်များအပေါ် စာနာ နားလည်ပေးတာက သဘာဝကျပါတယ်။ သူက အဲဒီစာနာမူနဲ့အတူ လူငယ်တွေရဲ့ အနုပညာလုပ်ပိုင်ခွင့်အပေါ် ထိန်းချုပ်ကန့်သတ်တဲ့ အရေးအသားတွေကို မကြိုက်နှစ်သက်ကြောင်း ဆန့်ကျင်ပြသခဲ့ပါတယ်။
အမှန်စင်စစ် ဆရာတာရာမင်းဝေရဲ့ လူငယ်ဘဝက ထင်သလောက် ချောမွေ့ပြေပြစ်ခဲ့တာတော့ မဟုတ်ပါဘူး။
သူက အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသူ တစယောက်ပါ။ အာဏာရှင်များရဲ့ အုပ်ချုပ်မူအောက်မှာ သူ့ အနုပညာကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်မရခဲ့ပါဘူး။ ဒါ
ကြောင့်လည်း နောက်ပိုင်းကာလတွေမှာ သူချုပ်တီးထားရတဲ့၊ မျိုသိပ်ထားရတဲ့ စကားလုံးတွေဟာ သူ့ အနုပညာကတစ်ဆင့် ပေါ်က်ကွဲထွက်လာပါတော့တယ်။ စကားလုံးတစ်ချို့ကျပြန်တော့ စည်းတွေ ၊ဘောင်တွေကိုပါ ကျော်လွန်ထွက်သွားခဲ့ပါတယ်။ သူက လွတ်လပ်မူကို ပို၍ ပို၍ မြတ်နိုးလာတယ်။ ပို၍ ပို၍ တန်ဖိုးထားလာတယ်။ ပြီးတော့ အဲဒီ လွတ်လပ်မူဟူသည်ကပင် လူငယ်တစ်ယောက်ရဲ့ ဆာလောင်မွတ်သိပ်မူဖြစ်မယ်လို့ သူကိုယ်ချင်းစာ နားလည်လာခဲ့တယ်။ ဒါကြောင့်လည်း ဆရာတာရာမင်းဝေက
(ကျွန်တော်တို့ကို နားလည်မူရှိရှိနဲ့ ကြည့်ဖို့တော့ လိုပါတယ်။)
(ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမူမှ)
အဲဒီလိုမျိုးပါ။ ဆရာတာရာမင်းဝေက လူငယ်တွေအပေါ် နားလည်မူရှိပေးဖို့ တောင်းခံရာမှာတောင် သူ့တစ်ယောက်တည်းအတွက် တောင်းခံနေတာမျိုး မလုပ်ဘဲ လူငယ်တွေဘက်ကရပ်ပြီး လူငယ်တွေ အကုန်လုံးအတွက် တောင်းခံပေးနေခဲ့ပါတယ်။ ဒီလိုတောင်းခံပြခြင်းတွေကို သူရဲ့ကဗျာတွေမှာလည်း မြင်တွေ့ရပါတယ်။
(ကျောင်းသားနှင့်ကျောင်း
တစ်နေ့တော့ ပေါ်င်းရမှာပဲ..
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။) (ကျောင်းဖွင့်ချိန်ကဗျာမှ) သူရဲ့ လူငယ်ဘဝ၊ ကျောင်းသားဘဝဟာ မလွတ်လပ်ခဲ့ပါဘူး။ အာဏာရှင်တွေရဲ့ ဖိနှိတ်ထားမူ အောက်မှာ ဘဝကို မလွတ်မလပ် ရုန်းကန်ခဲ့ရပါတယ်။ ဒီအခါ ကျောင်းသားဘဝရဲ့ လွတ်လပ်လိုစိတ်တွေကို သူတတ်စွမ်းတဲ့ကလောင်နဲ့ ရေးသားဖော်ထုတ်ပါတော့တယ်။ဒါဟာ လွတ် လပ်ရေးကို ဆာလောင်နေခဲ့တဲ့ သူရဲ့အတွေးအခေါ်ပါပဲ။အဲဒီအတွေးအခေါ်တွေက သူတစ်ယောက်တည်းအတွက်တော့ မဟုတ်ပါဘူး။ လူငယ်တွေ အားလုံးအတွက်ပါပဲ။