သူနှင့်သူ၏မိခင်

12 0 0
                                    

  ၂၁။

သူနှင့်သူ၏မိခင်
************
(ကျနော်....
မေမေ.....
မာယာတောင်ခြေမှာ ဒရမ်တီးသူများ၊
မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ...တစ်ပုဒ်ပြီဆုံးသွားပါပြီ။)
(ခေါ်င်းလောင်းသံ စာတမ်းကဗျာမှ)

ဆရာတာရာမင်းဝေရဲ့ ကဗျာတစ်ချို့မှာ သူ့မိခင်ကို တိုင်တည် ရေးဖွဲ့ထားတာလေးတွေ တွေ့မြင်ရတတ်ပါတယ်။ အထက်ပါ စာသားမှာဆိုလျှင် သူ့အမေနှင့်သူ အတူရင်ဆိုင်ရတဲ့
လောကဓံအကြောင်းလေးကို ဆွေးမြေ့စွာနဲ့ သူရေးဖွဲ့ထားတာပါ။ လူလောကကြီးရဲ့လှည့်ဖြားမူတွေကြားမှာ သူအမေနဲ့သူ ကြုံဆုံရတဲ့
အဖြစ်သနစ်တွေကိုပေါ့....။

(မေမေ...
ပူဖောင်းကို မန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက်
ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ စိမ့်ပြီး
ရှက်ခဲ့ရပေါ့။)
(ပူဖောင်းကွဲသူကဗျာမှ)

ပြီးတော့ အခုလိုမျိုးလည်း  တစ်ခါတစ်လေမှာ 
သူကြုံတွေ့နေရတဲ့ လောကဓံတရားအပေါ်
ကဗျာဖွဲ့ပြီး သူ့အမေကို တိုင်တည်တတ်ပြန်ပါတယ်။

သူဟာ အသက်ကြီးလာတယ်ဆိုပေမယ့်မိဘမေတ္တာအရိပ်အောက်က ရုန်းထွက်မသွားသေးပါဘူး။ သူ့ရဲ့မိခင်အတွက် သူကိုယ်တိုင် လောကဓံပါး
မဝသေးတဲ့ ခလေးတစ်ယောက်လို ချစ်စ
ဖွယ်ကောင်းအောင် နေထိုင်နေခဲ့ပါတယ်။ ဆရာတာရာမင်းဝေ ရေးခဲ့တဲ့အထဲမှာ ဒီလို ကဗျာမျိုးတွေကို အများကြီး  ထပ်ပြီးတွေ့ရှိရပါတယ်။

(မေမေ..
အားလုံးမမှားရအောင်
ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်
ဘာပဲဖြစ်ဖြစ်
အဲဒီပူဖောင်းလေးကို အသစ်ပြန်မှုတ်ဖို့
နတ်ဖြန်ခါမှာ မြို့ကလေးဆီ
ကျွန်တော်ဆတ်ဆတ်ပြန်လာမယ်။)
(ပူဖောင်းကွဲသူကဗျာမှ)

ဒီတစ်ခါကျပြန်တော့ ဆရာတာရာမင်းဝေက
အနစ်နာခံတတ်တဲ့စိတ်ကို ဖော်ပြပြီး မိဘ
ကိုတိုင်တည်လိုက်ပါတယ်။ အားလုံးမမှားရအောင်၊ သူပဲမှားပေးလိုက်သတဲ့။ ချစ်စဖွယ်ကောင်းလှတဲ့
စိတ်ထားလေးပါ။ 

သူဟာ မိဘနဲ့အနေဝေးနေရသော်လည်းပဲ စိတ်ထဲမှာ မိခင်ကို အမြဲတမ်းတ သတိရနေပါတယ်။ 
သူကို လူတွေက မိခင်ကို ပစ်ထားခဲ့တဲ့သူလို့
ဆိုကောင်းဆိုကြမှာပါ။ ဒါပေမယ့် အဲလိုမဟုတ် ခဲ့ပါဘူး။ သူ့အမေဟာ သူ့စိတ်ထဲမှာ အချိန်တိုင်း ရှိနေခဲ့ပါတယ်။ ဒါကြောင့် သူစိတ်ကို သူ့အမေသိရှိနိုင်ဖို့အတွက်နဲ့ သူ့အပေါ်နား
လည်ပေးနိုင်မူတွေအတွက် သူဟာ
သူမြို့ကလေးကို ပြန်လာတော့မယ်လို့
သူ့အမေဆီ တမ်းတကဗျာဖွဲ့ဆို ခဲ့ခြင်းပါ။
နောက်ထပ်
ကဗျာလေးတွေ ရှိပါသေးတယ်။

(မေမေရေ...
ကြွေရင်လည်း မြေမှုန့်တွေနဲ့အတူ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့
လောကအဝါတစ်ပွင့်ပါပဲ
ခုတော့...
လေအလာကို မျော်လင့်ရင်း
ရနံချိုချိုတွေ ပွင့်ရပါဦးမယ်။)
(သံဝေဂ ကဗျာမှ)

လူဟာ မသေခင်ထိတော့ ဟန်ဆောင်မျတ်နှာဖုံးကို တပ်ထားနေရတုန်းပါ။ ဟန်ဆောင်ပြုံးပြရတယ်။ ဟန်ဆောင်ရယ်ပြရတယ်။ ဒီလို ဝတ္တရားတွေကို သူပြုမူနေရကြောင်း သူဟာ ကလေးတစ်ယောက်လို သူ့မိခင်ကို ရင်ဖွင့်ပြနေခဲ့ပါတယ်။ ဒါဟာ သူရဲ့ ရိုးသားလှတဲ့ စိတ်အတွင်းသားကို လည်း ပေါ်လွင်နေစေခဲ့ပါတယ်။

(ကြယ်တာရာတွေ
စူးစူးဝါးဝါးငုံကြည့်နေတဲ့
ကဝေည
မေမေ့....ကို
ကျနော် သတိရလိုက်တာ။)
(ခေါင်းလောင်းသံ စာတမ်းကဗျာမှ)

သူ့မိခင်နဲ့ ဝေးခဲ့တဲ့ညတွေ ၊ ဒဏ်ရာတွေနဲ့ ကြေကွဲရချိန် သူအလိုအပ်ဆုံးက သူအမေပဲ ဖြစ်ခဲ့ပါတယ်။ သူဘယ်လို အခြေအနေပဲ ရောက်ရောက် သူ့မိခင်ကို မမေ့လျော့ခဲ့ပါဘူး။ မိဘကို ရိုသေချစ်မြတ်နိုးခဲ့တဲ့ သားလိမ္မာလေးတစ်ယောက်ပါ။ ဒါကြောင့်လည်း သူက အခုလို ဆိုပြန်ပါတယ်။

(ကျနော်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့
ငြိမ်းချမ်းရေး"နယ်"ပါ။" )
(ခေါင်းလောင်းသံ စာတမ်းကဗျာမှ)တဲ့။

မိဘရဲ့ ရင်ခွင်ဟာ ဘယ်လောက်အေးချမ်းတယ် ဆိုတာကို သူဖော်ကျုးပြပုံက ချစ်စရာလေးပါပဲ။ ဟုတ်လည်း ဟုတ်ပါတယ်။မိဘအရိပ်လောက် အေးမြတဲ့နေရာ မရှိတော့ပါဘူး။ သူငယ်ငယ်က မြင်းရုပ်ကြီးစီးပြီး ခရီးထွက်သလိုမျိုးဆော့တဲ့အခါ သူမိခင်ဟာ လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ပါတယ်။ သူအမေကလည်း သူကိုချစ်သလို ၊ သူကိုယ်တိုင်ကလည်း သူ့အမေကို အရမ်းချစ်ခဲ့ပါတယ်။ ထမင်းတောင်မှ သူ့အမေခွံကျွေးတဲ့ ထမင်းကိုပဲ စားတတ်ပါတယ်။ အဲဒီလို အမေကိုအရမ်းချစ်တဲ့ သူ့အတွက်တော့ အမေဆိုတာ...

(အမှားလက္ခဏ၊ အမှန်လက္ခဏ၊
ဘာနဲ့မှ လာမတိုင်းတာနဲ့...
"အမေ"ဆိုတာ
ထာဝရ အကန့်အသတ်မဲ့တယ်။)
(ခေါ်င်းလောင်းသံ စာတမ်းကဗျာမှ)

တဲ့လေ။ မိဘကို ချစ်မြတ်နိုးခဲ့တဲ့သား၊ ယခုထိတိုင် နာမည်မသေးဘဲ သံသယအဆက်ဆက် အောင်လံတံခွန် လွှင့်ထူနေပါတော့တယ်။
________________________________



တာရာမင်းဝေအားလေ့လာခြင်းDonde viven las historias. Descúbrelo ahora