သူနှင့်ပန်းချီ

30 3 0
                                    

သူနှင့်ပန်းချီ
*********

စာရေးဆရာတစ်ယောက်၊ ကဗျာဆရာတစ်ယောက်ဟာ ပန်းချီပညာရပ်ပေါ်မှာလည်း အလွန်စိတ်ဝင်တစားနဲ့ ဖတ်ရူလေ့လာ၊ ကြည့်ရှုလေ့လာတယ်ဆိုရင် သူဟာ ဘယ်လိုလူမျိုးလို့ ဆိုနိုင်ပါသလဲ။ ကျွန်တော်ကတော့ သူ့အပေါ် အသေအချာ မပြောနိုင်ပါဘူး။ ဘာဖြစ်ဖြစ်၊ ကိုယ့်အနုပညာ မဟုတ်တဲ့ တခြားရပ်ဝန်းက အနုပညာအပေါ်မှာပါ စိတ်ဝင်တစားနဲ့ လေ့လာသမူပြုနိုင်တာကိုတော့ အတော်လေးစားမိပါတယ်။ သူရဲ့လေ့လာမူကလည်း အတော်ကလေး နတ်နတ်နဲနဲလေ့လာထားတာကို သူ့အရေးအသားတွေကနေ တစ်ဆင့် သိမြင်ရပါတယ်။
(ဆရာကြီး ပူးလော့(Pollock)က ပန်းချီကားရေးဆွဲရာမှာ အစက်ချနည်း လောင်းချနည်းကိုသုံးပြီး ရေးဆွဲလေ့ ရှိပါသည်။
သူတို့၏ နည်းစနစ်ကိုခု ပန်းချီပညာအရ Systemic, Painting, Stain Painting, Post-Paintenly, Abstraction စသဖြင့် သတ်မှတ်ခေါ်ဝေါ်ကြသည်။ကျမ်းဂန်များတွင် အရောင်နယ်တည်ဖွဲ့ခြင်း (Colour-Field Painting)ဟု ခေါင်းစဉ်ပြုကြသည်။ ) (ဆောင်းရာသီ ဒဿနမှ) ဒါက ဆရာတာရာမင်းဝေရဲ့ စာအုပ်ထဲကစာသားပါ။ သူ
ဟာ အတော်မှ လေ့လာမူအားကောင်းတဲ့ လူတစ်ယောက်ဆိုတာကို မကြေညာဘဲနဲ့ကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ သူ့စာတွေထဲကနေ တစ်ဆင့်
ဘယ်ပညာရပ်မှာမဆို သူဟာ နှံနှံစပ်စပ် လေ့လာလိုက်စားကြောင်းကို တွေ့ရှိနေရပါတယ်။ဆိုတော့  သူဟာ စာရေးသော်လည်း အခြားသော် အနုပညာတွေကို လျစ်လျူရှုထားခြင်း မရှိပါဘူး။ တလေးတစားနဲ့
နှံနှံစပ်စပ် လေ့လာလိုက်စားတတ်သူပါ။
ဆက်လတ်ဖတ်ရူကြည့်ရင် ပိုသိ လာနိုင်ပါတယ်။
(အရောင်များမှာ ထူးခြားမူတွေ ရှိလေသည်။ ပန်းချီဆရာများအဖို့ အပြာ၊ အနီ၊ အဝါ အရောင်သုံးမျိုးသည် အခြေခံအရောင်များ ဖြစ်ကြသော်လည်း ဆလိုက်မီးထိုးရသူများ အတွက်တော့ အပြာ၊အနီး၊အစိမ်းသည် အဓိက အရောင်များဖြစ်သည်။) (ကျွန်တော်နှင့် ဆောင်းရာသီ ဒဿန မှ...)
ဒီစာသားတွေအရ သူဟာ ပန်းချီအပေါ်( သို့ )အရောင်တွေအပေါ်မှာလည်း စိတ်ဝင်စားမူ ရှိနေပုံ ရပါတယ်။ နောက်ပြီးတော့ ပန်းချီထဲက ဗလာနယ်အကြောင်းကိုလည်း သူထပ်ပြီး သတိပြုမိနေပြန်တယ်။
(အဲဒီကာလထဲမှာပဲ ပန်း ချီသမိုင်း စာအုပ်တစ်အုပ်ကို ကျွန်တော်ထပ်ဖတ်လိုက်မိပြန်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဗလာနယ်ရဲ့သဘောကို ကျွန်တော်ထပ်တွေ့လိုက်မိပါတယ်။ ဟိုတုန်းကဆိုရင် ပန်းချီကားတွေမှာ ကင်းပတ်စ်ပြားအပြည့် ပုံဆွဲတယ်။ အရောင်ခြယ်တယ်။ နောက်ကျတော့ ကင်းပတ်စ်ပြားထဲမှာ ဘာပုံမှမဆွဲ ၊ ဘာရောင်မခြယ်တဲ့ ဗလာနယ်ကို ထားလာတယ်။ ဒါပေမယ့် အဲဒီဗလာနယ်တွေကလည်း မျဉ်းတွေ၊ အရောင်တွေ၊ အရုပ်တွေနဲ့အပြိုင် ပန်းချီကားတွေထဲမှာ အရေးပါနေတယ်။ ပန်းချီကားကို ပိုပြီး နတ်ရှိုင်း မြင့်မားသွားအောင် သူက သုညတ္တအားတွေ ထုတ်ပေးလိုက်တယ်။ ) (ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမူမှ) ထူးခြားပါတယ်။ ပန်းချီကားတွေကို ကြည့်ရုံနဲ့ အားရမကျေနပ်နိုင်သေးဘဲ၊ ပန်းချီနဲ့ သက်ဆိုင်တဲ့ ပန်းချီစာတွေကိုပါ ဖတ်ရှုလေ့လာခဲ့ပြန်ပါတယ်။ ပြီးတော့ ပန်းချီကားတွေရဲ့ လျိုဝှတ်ချက်တွေကိုပါ သူသိလာခဲ့တယ်။ နောက် ပန်းချီအကြောင်းကိုပါ ထဲထဲဝင်ဝင် ပြောဆိုလာတယ်။ သူ လေ့လာတာဟာ အပေါ်ယံလေ့လာနေတာမျိုး မဟုတ်တော့ဘဲ ပန်းချီဆွဲတော့မယ် ပန်းချီဆရာတစ်ယောက်လိုမျိုးကို လေ့လာနေတဲ့ ပုံစံမျိုးဖြစ်လာပါတယ်။ ထိုအချက်ကို သေချာစေတဲ့ နောက်ထပ်အထောက်အထားတွေလည်း ရှိပါတယ်။
(သူတို့ ပန်းချီဆရာတွေက သူတို့အာရုံကျရာကိုပဲ အထူးပြုဆွဲ တာတွေ ရှိတယ်။ ဆိုပါစို့...တစ်ချို့ပန်းချီဆရာတွေဆိုရင် ဆိပ်ကမ်းပုံတွေကိုချည်း အဓိကဆွဲတယ်။ တစ်ချို့က နေကြာပန်း၊ တစ်ချို့က လောကနတ်၊ အဲဒါမျိုးပေါ့။ အဖေကတော့ ဘီးလူးကို စိတ်ဝင်စားတယ်။ ဘီးလူးပုံတွေဆွဲတယ်။ ) (ယန္တယားအရေခွံနဲ့လူမှ) ဆရာတာရာမင်းဝေဟာ တကယ်လို့ စာမရေးဖြစ်ခဲ့ရင် ပန်းချီဆွဲမယ့် သဘောမှာရှိပါတယ်။ ဒါပေမယ့် မဆွဲခဲ့ဘူးလားဆိုတော့ သူဆွဲခဲ့ပါတယ်။ သူပန်ချီးကားတွေကို ပြခန်းမှာ ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကဗျာဆရာ၊ စာရေးဆရာတင်မဟုတ် ပန်းချီဆရာပါ ဖြစ်နေပြန်ပါတော့တယ်။

တာရာမင်းဝေအားလေ့လာခြင်းTahanan ng mga kuwento. Tumuklas ngayon