အရှေ့မြို့ရိုးမှ မိုးရေစက်များ

56 2 0
                                    


အရှေ့မြို့ရိုးမှ မိုးရေစက်များ
********************
ဂျူနိုနှင့်လိုင်ရာ

(၁)
ဂျူနိုဆိုတာ ကချေသည် ကောင်မလေးတစ်ယောက်ပါ။ သူရဲ့ နှစ်ကိုယ်ခွဲကကြိုးက နာမည်ကြီးကကွက်တစ်ခုပါ။ ထို ကကွက်က သူတစ်ယောက်တည်းကနေရင်းနဲ့ တစ်ခါတစ်ခါ လူနှစ်ယောက်ကနေသလားလို့ ထင်ရတဲ့အထိကို စွမ်းအားကြီးပါတယ်။ ဒါကြောင့်ပဲ ဂျူနိုကို ကမ္ဘာအကောင်းဆုံး ကချေသည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ကံဇာတာဟာ ထူးခြားတဲ့ နက္ခတ်ခွင်တစ်ခုထဲကို ရောက်ရှိသွားပါတယ်။ မကြာခင်မှာ သူမဟာ အခက်အခဲတွေ တွေ့ရှိရပါတော့မယ်။ ဒါပေမယ့်ဂျူနိုက ယုံကြည်မူ ရှိပါတယ်။ အခက်အခဲနဲ့တွေ့ရင် အရည်အချင်းကို ထုတ်သုံးပြီး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ပါ။

(၂)
တစ်နေ့ မီးအိမ်ထွန်းပွဲတော်အတွက် ဂျူနိုကိုယှဉ်မယ့် ကချေသည်တစ်ယောက်ပေါ်ပေါ်က်လာပါတယ်။ သူ့နာမည်က လိုင်ရာ။ တကယ်တော့ လိုင်ရာဆိုတာ စက်ရုပ်တစ်ရုပ်ပါ။ ဒါပေမယ့် လိုင်ရာကနေပုံက စက်ရုပ်တစ်ရုပ်လို့ မထင်ရပါဘူး။ ဒီလိုပဲ လိုင်ရာရဲ့ကကွက်တွေဟာလည်း လူတစ်ယောက်လိုက်ကဖို့ မဖြစ်နိုင်တဲ့ကကွက်မျိုးတွေပါ။ လိုင်ရာရဲ့ကကွက်ဟာ သိမ်မွေ့တာနဲ့အမျှ နတ်ရှိုင်းလှပတယ်။

(၃)
တစ်နေ့အိပ်မက်ပွဲတော်မှ သူတို့နှစ်ယောက်ဆုံဖြစ်ကြပါတယ်။ လိုင်ရာကအရင်ကတယ်။
လိုင်ရာကတဲ့အခါ ဂျူနိုက လိုင်ရာရဲ့ကကွက်နဲ့ ဂီတသံရဲ့အကွာအဝေးကို စိတ်ထဲကနေ ခန့်မှန်းတွက်ချက်ကြည့်ပါတယ်။ လိုင်ရာက သူရဲ့ကကွက်တွေကို ဂီတသံနဲ့ လိုအပ်သလို ပူးချည်း ခွာချည်းပြုပြီး ကတာပါ။ လိုင်ရာရဲ့ ခြေထောက်ရွေ့လျားမူ လမ်းကြောင်းတွေဟာလည်း ရူပဗေဒလျှိုဝှတ်ချက်တွေ ပါဝင် နေပြန်ပါတယ်။ ဂျူနိုရဲ့အကကျပြန်တော့ တစ်စုံတစ်ရာကို ဝှတ်ယူလာသလို ခံစားရစေပါတယ်။ အဲဒီ တစ်စုံတစ်ရာဟာ ဘာရယ်လို့ ဘယ်သူ့ကမှ မမှန်းဆနိုင်ကြပါဘူး။ ဂျူနိုရဲ့ အနွဲ့အတိမ်း ၊ အယိမ်းအညွတ်အားလုံးဟာ အနုပညာစွမ်းအင်တွေ ပွင့်ဝေနေပါတော့တယ်။

(၄)
ဂျူနိုရင်ထဲမှာတော့ မောပန်းနေခဲ့တယ်။ ညက အိပ်မက်ပွဲတော်မှာ လိုင်ရာကပြသွားပုံတွေက မျတ်စိထဲမှာ ပြန်မြင်ယောင်နေရတယ်။ လိုင်ရာကို သူမကျော်ဖြတ်နိုင်ပါ့ မည်လော။ တကယ်တော့ ဂျူနိုရဲ့စိတ်ဟာ အလွန်သိမ့်မွေ့ပါတယ်။ ဂျူနိုဟာ သူတစ်ပါးပေးတဲ့ ပန်းကိုလည်း နွေးနွေးထွေးထွေးယူတတ်ပါတယ်။ ပန်းပေးသူ တွေ သူ့ဘဝမှာ မရှိဘူးဆိုရင်လည်း မျှော်လင့်စောင့်စားနေတဲ့ မိန်းခလေးမျိုး မဟုတ်ပါဘူး။ သူ့ကိုယ်သူ ပန်းလိုပွင့်လိုက်မယ့် မိန်းခလေးမျိုးပါ။ ဒါပေမယ့် အခုတော့ လိုင်ရာရဲ့ကကိက်တွေကို မြင်ပြီးနောက် လူတွေကပဲ လိုင်ရာကို ယန္တယားကချေသည်၊ သံမဏိနတ်သမီးဘွဲ့တွေ ပေးအပ် ကုန်ကြပါတယ်။

တာရာမင်းဝေအားလေ့လာခြင်းTempat cerita menjadi hidup. Temukan sekarang