သူနှင့်ပြိုင်မြင်းတို့၏ခွာသံ

21 0 1
                                    

#သူနှင့်ပြိုင်မြင်းတို့၏ခွာသံ
________________________

ဆရာတာရာမင်းဝေရေးခဲ့တဲ့စာအုပ်တွေထဲမှာ ကျွန်တော်အရမ်းကြိုက်တဲ့
စာအုပ်၃အုပ်ရှိတယ်ခင်ဗျ။
အဲဒါက

-အရှေ့မြို့ရိုးက မိုးရေစက်များ

-ပြိုင်မြင်းတို့၏ခွာသံ

-ခေတ်နေအတွက် စာတစ်ရွက်ပါ။

အခုဖော်ပြချင်တဲ့ပြိုင်မြင်းတို့၏ခွာသံစာအုပ်က ကျွန်တော်အနှစ်သက်ဆုံးစာအုပ်ပါ။ ဒီစာအုပ်ကို ဆရာတာရာမင်းဝေက ၂၀၀၅ခုနှစ် ဇန်နဝါရီလမှာ ဒုတိယ အကြိမ် ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်က သဘောတရားသက်သက်ကို ဖော်ထုတ်ရေးသားပြထားတဲ့ စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။

ဒီအထဲမှာ ဆရာတာရာမင်းဝေရဲ့အနုပညာဆိုင်ရာ အမြင်နဲ့ အယူအဆတွေကိုလည်း  ဦးစွာပထမ
အများကြီးတွေ့မြင်နိုင်ပါတယ်။

ဆရာတာရာမင်းဝေက -

(အနုပညာဟူသော စကားလုံးလေး၏
အဓိပ္ပါယ်ကို ယနေ့ထက်တိုင် မည်သူကမျှ ပြည့်စုံအောင် မဖွဲ့ဆိုနိုင်ခဲ့ပါ။ တတ်စွမ်းသမျှသော
ဖွင့်ဆိုချက်များသည်လည်း တစ်ယောက်နှင့်
တစ်ယောက် ကွဲလွဲခဲ့ကြပါသည်။

အနုပညာသည် ဒါတော့မဟုတ်ဘူးဟု ပြောနိုင်ကြသော်လည်း အနုပညာဟူသည် ဒါပဲဟူ၍ကား ပြတ်သားစွာဖွင့်ဆိုနိုင်ခြင်း မရှိခဲ့ကြ။

ထိုသို့ အနုပညာအပေါ် အမြင်မညီညွတ်မူများသည် ကွဲလွဲသော
အနုပညာပုံဆောင်မူများကိုလည်း ဖြစ်ပေါ်စေခဲ့ပါ၏။ pg-6) မှာ ဖော်ပြခဲ့ပါတယ်။

ဆိုရရင် ဒီစာအုပ်ထဲက အမြင်၊ သဘောတရားတွေကို ဖတ်ရှုဖို့ဆိုတာက မော်ဒန်၊ပို့စ်မော်ဒန်ဆိုင်ရာ သဘောတရားတွေကို အနည်းငယ် သိရှိထားမှ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါမှလည်း ဆရာတာရာမင်းဝေရဲ့ ဆိုလိုချက်တွေကို လွယ်ကူရိုးရှင်းစွာ နားလည်နိုင်မှာပါ။

ယခု ကျွန်တော်တို့ခေတ်မှာဆိုရင် ပိုပြီး အနုပညာဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပြဖို့ ပိုပြီးနတ်နဲရှုပ်ထွေးလာပါတယ်။

တစ်ခါတစ်လေ လူတစ်ဦးရဲ့ အလုပ်လုပ်ကိုင်နေပုံကိုကပဲ အနုပညာဆန်နေသယောင်ယောင် တွေ့ရှိနေရပါလိမ့်မယ်။

တာရာမင်းဝေအားလေ့လာခြင်းTahanan ng mga kuwento. Tumuklas ngayon