သူနှင့်ကဗျာ
********ဆရာတာရာမင်းဝေဟာ ကဗျာရူးသွပ်သူတစ်ယောက် ဖြစ်တယ်ဆိုတာ အကုန်လုံးသိထားပြီးသား ကိစ္စပါ။ သူဟာ
ကဗျာရေးတော်သူ တစ်ဦးဆိုတာလည်း သိထားကြပြီးသားပါ။ ဒါပေမယ့် သူ့ကဗျာတွေဟာ အလွယ်တကူဖတ်ရှုလို့ရတဲ့ ကဗျာမျိုးတွေတော့ မဟုတ်ပါဘူး။ သူရဲ့
ကဗျာတိုလေးတစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။ နက္ခတ်ရစ်သမ်စာအုပ်ထဲက တစ်ခွန်းစကားဆိုတဲ့ ကဗျာလေးပါ။တစ်ခွန်းစကား
************
ရနံကိုတော့ ရတယ်
ဒါပေမယ့် ငါ့ကိုမွှေးတာ မဟုတ်ဘူး။
ဒီတောအုပ်၊ ဒီကျောက်သားက
ရင်အုပ်မောက်မောက်နဲ့ ပြားနေလိုက်တာ။
ဘာဖြစ်လဲ..
ငါဟာသိမ်းဌက်တစ်ကောင်
ကိုယ့်လေးညှို့ ကိုယ်ဆွဲပြီး ထွက်ခဲ့တယ်။(တာရာမင်းဝေ)
အထက်ပါ ကဗျာကိုပဲ ကြည့်ပါ။
စာသားတိုတိုတောင်းတောင်း၊
ဝေါဟာရကြွယ်ကြွယ်နဲ့ ဖော်ပြထား
ပါသော်လည်း ချက်ချင်းလက်ငင်း သူဆိုလိုတဲ့ သဘောကို သိနားမလည်နိုင်ပါဘူး။အနည်းငယ်တော့ စဉ်းစားကြည့်ရပါ
တယ်။"ရနံကိုတော့ရတယ်။ ငါ့ကို မွှေးတာ မဟုတ်ဘူး။ "တဲ့။
ဒါဆိုရင် သေချာတာပေါ့ ၊ ဒီကဗျာထဲက "ငါ" ဟာလည်း ရနံရှိနေပါလိမ့်မည်။
ဒီမှာ ထပ်တွေးကြည့်လို့ ရပြန်ပါတယ်။
သူမှာ ရနံရှိရဲ့သားနဲ့ သူ့ကိုကျ
ဘာလို့မမွှေးကြတာလဲ။
ဆက်ပြောပါတယ် ။" ဒီတောအုပ်၊ ဒီကျောက်သားက ရင်အုပ်မောက်မောက်နဲ့ ပြားနေလိုက်တာ။" တဲ့။
ရင်အုပ်မောက်ပြီး ဘာလို့ပြားရတာတုန်း။ ဒီစာသားက ပထမစာသား
နဲ့ပြန်ဆက်ကြည့်နိုင်ပါတယ်။ကိုယ်တိုင် အနံရှိပေမယ့် ဘယ်သူကမှ အဲဒီအနံကို အလေးမထားပါဘူး။
ဒါကို သူက ပထမစာကြောင်းနဲ့ ဝေါဟာရကွဲပြားစွာသုံးပြီး ကဗျာဖတ်သူကို ကဗျာအပေါ် အာရုံစူးစိုက်စေခဲ့ပါတယ်။ ဒီလိုဆို ထပ်မေးကြည့်ရပါမယ်။ ကဗျာဆိုလိုရင်းက မရပ်သေးပါဘူး။"ငါ"ဆိုတဲ့သူဟာ ရနံရှိနေသားနဲ့ သူ့ကို ဘယ်သူမှမမွှေးကြဘူးဆိုတော့....
ဒီကဗျာထဲက "ငါ"ဟာ လျစ်လျူရှုခံထားရတာလား၊ ဒါမှမဟုတ် အနှိမ်ခံထားရတာလား၊ ဒါမှမဟုတ် အမြင်ကပ်နေကြတာလား။ ဒါမှမဟုတ် ပြစ်မှု တစ်စုံတစ်ရာရှိနေတာမျိုးလား။ စသဖြင့် ၊ တွေးကြည့်ရင်း
တွေးစရာတွေ အများကြီးပါပဲ။

KAMU SEDANG MEMBACA
တာရာမင်းဝေအားလေ့လာခြင်း
Acakသူက ကျွန်တော်အကြိုက်ဆုံး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ပါ။