သူနှင့်မိန်းမ
--------------ကျွန်တော်တို့ရဲ့ လောကကြီးမှာ
မိန်းမတွေဟာလည်း ယောကျာ်း
တွေကြောင့် ခံစားကြရပြီးနောက်
ယောကျာ်းတွေအကြောင်း
ပြောလာကြပါတယ်။ထိုနည်းတူပါပဲ ယောကျာ်းတွေဟာလည်း မိန်းမတွေကြောင့်ခံ
စားကြရပြီးနောက်
မိန်းမတွေအကြောင်းကိုပြော
လာကြပါတယ်။ဒီလိုပါပဲ ဆရာတာရာမင်းဝေလည်း ခံစားခဲ့ဖူးလို့ ထင်ပါရဲ့၊
မိန်း မတွေ အကြောင်းကို အနည်းအကျည်းတော့ ပြောပြခဲ့ပါတယ်။ဆရာတာရာမင်းဝေဟာ မိန်းမတွေ
အပေါ်မှာ ဘယ်လို သဘောထား
တယ်ဆိုတာကို ခေတ်နေအတွက်
စာတစ်ရွက်မှ ထင်ထင်ရှားရှား
တွေ့မြင်ရပါတယ်။ဆရာတာရာမင်းဝေက သူ့သားအတွက် မိန်းမတွေအကြောင်းကို အခုလို
ထုတ်ဖော်ပြောထားပါတယ်။(သားကို တစ်ခုပြောရဦးမယ်။
မိန်းမတွေကို သတိထားကွ ၊
ဖေဖေပြောတဲ့ ဒီစကားဟာ မိန်းမတွေကို နှိမ့်ချပြီး ပြောတာမဟုတ်ဘူး။
ဒါပေမယ့် အားနွဲ့တတ်တဲ့ မိန်းမ
သဘာဝအရ သူ့နည်း သူ့ဟန်
ရုန်းကန်မူတွေဟာ ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှတ် ဖြစ်စေတတ်တယ်။
အထူးသဖြင့်
ယောကျာ်းသားတွေကို
ခေါ်င်းခဲစေတဲ့ ကိစ္စတစ်ရပ်ကို
ယောကျာ်းတစ်ယောက် မြင်ပုံနဲ့
မိန်းမတစ်ယောက်မြင်ပုံ မတူဘဲ၊
ကွဲ ပြားတတ်တယ်။ယောကျာ်းတွေနဲ့အပြိုင်
တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမတွေ ၊
ယောကျာ်းထက်ပိုပြီး
သဘောထားကြီးနိုင်တဲ့
မိန်းမတွေလည်း ရှိပါတယ်။ဒါပေမယ့် ထမင်းအိုးကြီ (၇)
အိုးလောက် သိုးအောင် မင်းရှာလိမ့်မယ်။ဘယ်လိုပဲ ဖြစ်ဖြစ်လေ လူပိန်း
ဆန်တဲ့ မိန်းမတွေက ပိုများတယ်။)
(ခေတ်နေအတွက် စာတစ်ရွက်မှ)ဒါက ဆရာတာရာမင်းဝေမြင်လိုက်တဲ့ အမြင်တစ်ခုပါ။
မိန်းမမုန်းတီးရေးဝါဒီ
တစ်ယောက်တော့မဟုတ်ပါဘူး။သူသားကို ဆန့်ကျင်ဘက်လိင်တွေရဲ့လွှမ်းမိုးမူကနေ ကင်းဝေးစေချင်တာမျိုးပါ။