သူနှင့်သိပ္ပံပညာ

40 3 0
                                    

သူနှင့်သိပ္ပံပညာ
************
"သိပ္ပံပညာဟာ တို့လူသားတွေအပေါ် သေခါးနီး လူတစ်ယောက်အပေါ် ကောင်းသလိုသာ ကောင်းနေတာပါ။ သေတော့မယ့် လူမှန်းသိလို့ အလိုလိုက်လျောပြီး ကောင်းသလိုမျိုး ကောင်းခဲ့တာ။"
(တာရာမင်းဝေ၏ အရှေ့မြိုးရိုးမှ မိုးရေစက်များမှ)
ဒီအရှေ့မြို့ရိုးမှ မိုးရေစက်များဝထ္ထူဟာ ဆရာတာရာမင်းဝေရဲ့ သိပ္ပံဝထ္ထူလို့ပြောနိုင်တဲ့ဝထ္ထူတစ်ပုဒ်ပါ။ ကျွန်တော်အရမ်းကြိုက်နှစ်သက်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။ ဒီဝထ္ထူထဲက ဇာတ်ကြောင်းက စက်ရုပ်နဲ့လူနဲ့အက ပြိုင်တာပါ။ ဒီကတည်းက ဆရာတာရာမင်းဝေဟာ သိပ္ပံပညာတစ်ခုဖြစ်တဲ့ စက်ရုပ်တွေအပေါ် မျတ်စိကျနေခဲ့ပြီဆိုတာ သိသာပါတယ်။  ဆောင်းရာသီဒဿနထဲမှာလည်း စက်ရုပ်အကြောင်းနဲ့ ပတ်သက်ပြီး ဖော်ထုတ်ရေးထားသားပါသေးတယ်။
(စက်ရုပ် (Robot)ဟူသော စကားလုံးကို ချက်လူမျိုး စာရေးဆရာ Karel Capek က ပြဇာတ်တစ်ပုဒ်မှာ စသုံးခြင်းဖြစ်သည်။ ပြဇာတ်အမည်က Rossum's Universal Robots ဖြစ်သည်။ စက်ရုပ်ကို ညဏ်ပညာထည့်နိုင်အောင် ကြိုးစားကြသည်။ မင်စကီ (Minsky)၏နည်းနှင့် မက်ကာသီ (Mc Carthy)၏ နည်း ဆိုပြီး နှစ်မျိုးကွဲသည်။ မင်စကီက ဘောင်(Frame)ကလေးတွေ ခတ်ခတ်ပြီး အသိညဏ်သွင်းသည် ။ မက်ကာသီက ယုတ္တိဗေဒ (Logic)တွေထည့်ပြီး အသိညဏ်သွင်းသည်။နှစ်မျိုးစလုံး သူ့နည်းနှင့်သူ အောင်မြင်ကြပါသည်။)(ကျွန်တော်နှင့် ဆောင်းရာသီ ဒဿနမှ..) သူရဲ့ စက်ရုပ်လေ့လာမူက ဒီလောက်နဲ့ မပြီးသွားသေးပါဘူး။ ဒီစာအုပ်ထဲမှာပဲ ထပ်ပြီးဖော်ပြထားပါတယ်။
(သိပ္ပံစာရေးဆရာ အိုက်ဆက်အယ်ဆီမော့ (Isaac Asimov)က လူသားတို့၏ ဥပဒေတရား စီရင် ရေးများပင်လျှင် စက်ရုပ်တွေက ဝင်ရောက်ဆွေးနွေးမည့် သဘောမျိုးကို ဝထ္ထူရေးဖူးပါသည်။ ၁၉၄၀ပြည့်နှစ်က သူကပင်လျှင် စက်ရုပ်တွေနှင့် ပတ်သက်သော ဥပဒေ သုံးချက်ကို (သူ့ဘာသာသူ) ပြဋ္ဌာန်းသွားခဲ့သည်။
၁။ လူကို မထိခိုက်စေရ
၂။ အမိန့်ကို နာခံရမည်
၃။ မိမိကိုယ်ကို ကာကွယ်နိုင်ရမည်။) (ကျွန်တော်နှင့် ဆောင်းရာသီ ဒဿနမှ....)
ဒါကိုကြည့်မြင်ရခြင်းအားဖြင့်
ဆရာတာရာမင်းဝေဟာ ကိုယ့်နယ်ပယ် မဟုတ်သော်လည်း ပညာရပ်တစ်ခုကို အဆုံးစွန်ထိ ဖတ်ရူလေ့လာတတ်တယ်ဆိုတာကို တွေ့မြင်ရပါတယ်။ ပြီးတော့ စက်ရုပ်နဲ့ပတ်သက်လို့ သူတွေ့ရှိခဲ့တဲ့ အဲဒီအချက်တွေကို အခြေခံပြီးတော့လည်း သူဟာ စက်ရုပ်နဲ့ပတ်သတ်တဲ့ ဇာတ်လမ်းလေးတွေကိုလည်း ရေးခဲ့ပါတယ်။
(သိပ္ပံရပ်ကွက်ရဲ့ အဝင်ဝမှာ ဆေးကုခန်းတစ်ခုကို တွေ့ရပါတယ်။ စက်ရုပ်က စက်ရုပ်ကို ပြန်ကုပေးနေတာပါ။ ဆရာဝန်စက်ရုပ်က လူနာစက်ရုပ်ကို မေးတယ်။
"အခုရော နေရထိုင်ရတာ ဘယ်လိုနေလဲ။"
"နည်းနည်းတော့ သက်သာလာပါပြီ ဒေါ်တ်တာ။"
"ကျွန်တော်တစ်ခုပြောမယ်...လူတွေနဲ့ သိပ်မပေါ်င်းနဲ့ဗျ။"
"ဟုက်ကဲ့..ဒေါ်တ်တာ ကျွန်တော်လည်း သင်ခန်းစာ ရပါပြီ။"
"အင်း ခင်ဗျားလည်း ကလဲ့စားချေမနေနဲ့တော့၊ သံသရာရှည်နေလိမ့်မယ်။ စက်ရုပ်ဆိုတာ သည်းခံခွင့်လွှတ်နိုင်ရတယ်။") (ကျွန်တော်နှင့် အရုပ်မြို့တော်မှ)
အဲဒီလို ဇာတ်လမ်းတိုလေးတွေကို သူရေးသားခဲ့ပါတယ်။
ဆရာတာရာမင်းဝေက စက်ရုပ်တွေကို ဇာတ်ကောင်ဖန်တီးလိုက်ပြီး သူရဲ့အတွေးတွေ ကို ထုတ်ပြခဲ့ပါတယ်။ ဒါဟာ အနာဂတ်ရဲ့ အလားအလာတစ်ခုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါလိမ့်မယ်။ သူက ဒါ့အပြင် ဂြိုလ်သားတွေကိုပါ သူ့စာအုပ်ထဲ ထည့်ရေးခဲ့တာကို ထူးထူးခြားခြားတွေ့ရပါသေးတယ်။ ကြည့်ပါ။
(ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ရပ်တန့် ထားသော ပန်းကန်ပြားပျံတွင်းမှ ဂြိုလ်သားတစ်ယောက်က ဖန်သားပြင်မှာ မြင်နေရသော ထိုမြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်၏။ ပန်းကန်ပြားပျံ၏ မောင်းနှင်စက်ခလုတ်ကို လက်ဖြင့်နှိတ် လိုက်ရင်း
"ပေါ်က်တော့မယ့် သိပ္ပံလောက်စာလုံးကိုများ ပြေးကြည့်ရတဲ့သူနဲ့၊ တွေးကြည့်တဲ့သူနဲ့၊ စောင့်ကြည့်တဲ့သူနဲ့၊ ခံရတာတောင်နည်းသေး၊ တော်တော်အသိညဏ်မရှိတဲ့ဟာတွေ။ "
ပန်းကန်ပြားပျံ ရိပ်ခနဲ ပျံသန်းသွား၏။ အဖော်ဂြိုလ်သား၏ ထောက်ခံပြောကြားသံက ကမ္ဘာပတ်လမ်းကြောင်းထဲမှာ လွင့်ပျံကျန်ရစ်ခဲ့သည်။
"အေးလေ..ဒါကြောင့် ဒီသတ္တဝါတွေ "လူ"ဖြစ်နေတာ။") (မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျတ်နှာမှ)
လူနဲ့ဂြိုလ်သားကို နိုင်းယှဉ်ပြပြီး သာသာနဲ့နာနာလေးနှက်ခဲ့တဲ့ ဝထ္ထူတိုလေးတစ်ပုဒ်ထဲကပါ။ တစ်ခါတစ်လေတော့ လူတွေရဲ့ စူးစမ်းမူဟာ အရူးနဲ့တူနေတတ်တာမျိုးကို သူက ပညာသားပါပါ ထုတ်ပြထားတာပါ။ နောက်ထပ်လည်း သိပ္ပံပညာဆိုင်ရာအကြောင်းအရာတွေကို သူ့က ထုတ်ဖော်ပြခဲ့ပါသေးတယ်။
("မိုးရွာစေချင်လို့ ရှိရင် ရွာအောင်လုပ်လို့ရတဲ့နည်းတွေ ကမ္ဘာပေါ်မှာ ပေါ်နေခဲ့တာကြာပြီပဲ။ ကလပ်ကလေး လက်ထဲမှာမြှောက်ပြီးတော့ နတ်ရှိခိုးစာတွေ ရွတ်နေစရာ မလိုပါဘူး။ "မိုးတိမ် စိုက်ပျိုးခြင်း" ဆိုတာ ကြားဖူးတယ်မှတ်လား။""မိုးရွာစေချင်လို့ရှိရင် ၊ မိုးတိမ်ဖြစ်အောင် ဖန်တီးပြီးတော့ မိုးရွာချခိုင်းတဲ့နည်းတွေ သိပ္ပံပညာမှာ ပေါ်ပေါ်က်နေတာကြာပြီ ၊ မြေပြင်ကနေပြီး တော့ "ပြောင်း"တွေနဲ့ "ဆီးလ်ဗာအိုက်ဒိုနိုက်" ဓာတ်ငွေ့တွေ လွှတ်ပေးလို့ရှိရင် သက်ဆိုင်ရာ ဧရိယာတစ်ခုမှာ မိုးရွာပါတယ်။") (ကျွန်တော်နှင့် ဧဒင်ကချေသည်မှ) ဒီထဲမှာ သူက သိပ္ပံနည်းဖြင့် မိုးတုရွာချစေပုံကို ရှင်းပြခဲ့ပါတယ်။ အဲလိုခေတ်မှီတဲ့ သိပ္ပံပညာကြီးဟာ တစ်ခါတစ်ခါ ကြောက်စရာကောင်းကြောင်းကိုလည်း သူက ထပ်မံဖော်ထုတ်ပြပြန်ပါတယ်။
(လူဘောင်လောကရဲ့ နေထိုင်လှုပ်ရှားမူဟာလည်း စက်ဆန်လာတယ်။ ဓာတ်ဆီနံတွေမွှန်၊ အိတ်ဇောသံတွေကို နားညီးရင်း၊ လူတွေဟာ နျူးကလီးယားကင်ဆာ၊ ဆီလီကွန်ကိုးကွယ်မူဆိုတဲ့ စကားလုံး တွေကြားမှာ မွန်းကျပ်လာတယ်။ စက်လက်နတ်တွေရဲ့ ကြောက်မက်ဖွယ်ရာ တိုးတတ်မူတွေအောက်မှာ ပင်တဂွန်နဲ့ကရင်မလင်က ခလုတ်မှားနှိတ်မှာ ပိုစိုးရိမ်လာရတယ်။ )(ပြိုင်းမြင်တို့၏ ခွာသံမှ)
ရုပ်ပိုင်းဆိုင်ရာ ခေတ်မီလာသော်လည်း ကြောက်ရွံစရာ ကောင်းတဲ့အချက်တွေကတော့ ရှိနေဆဲပါပဲ။ ဒါတွေကို သူရဲ့စာသားတွေကတစ်ဆင့် သူက ဖော်ထုတ်ပြခဲ့ပါတယ်။

တာရာမင်းဝေအားလေ့လာခြင်းDonde viven las historias. Descúbrelo ahora