သူနှင့်ဘာသာတရား

41 2 0
                                    

သူနှင့်ဘာသာတရား
***************
ဘာသာတရားနဲ့ ပတ်သတ်လို့တော့ ဆရာတာရာမင်းဝေဟာ ဒွိဟစိတ်တွေ ရှိနေခဲ့သလားတော့ မသိပါဘူး။ တစ်ခါတစ်ခါ သူညွှန်းဆိုပြတဲ့ စာတွေဟာ ယုံကြည်ခြင်း၊ မယုံကြည်ခြင်း မသဲမကွဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ တစ်ချို့စာတွေမှာ သူက ယုံကြည်ခြင်းကို ထုတ်ပြပြီး တစ်ချို့သော စာတွေကျပြန်တော့ မယုံကြည်ခြင်းကို ထုတ်ပြပြန်တာလည်း တွေ့ရပြန်ပါတယ်။
(တစ်ခါ တစ်ခါ ကိုယ့်ကိုကိုယ့် ချောင်းကြည့်စမ်းပါ။
ချောင်းကြည့်ပေါ်က်ကိုတော့ ၊ ဘုရားသခင်ဆီ မေးကြည့်ပေါ့။) (ကျွန်တော်နှင့် စံပယ်ဖြူမှ) ဒီမှာ ဆရာတာရာမင်းဝေက ချောင်းကြည့်ပေါ်က်ကို ဘုရားသခင်ဆီ မေးကြည့်ခိုင်ထားပါတယ်။ လူဟာ မိမိကိုယ်မိမိ ပြန်မြင်နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ပြန်မြင်နိုင်ဖို့အတွက် ဘုရားရဲ့ တရားဓမ္မတွေလိုအပ်ပါတယ်။ ဒီမှာ ဘုရားသခင်ကို မေးခိုင်းထားတယ်ဆိုတာက ဒီအချက်ကို အဓိက ဦးတည်ချင်နေတယ်လို့ ထင်ပါတယ်။ ချောင်းကြည့်ပေါ်က်ဆိုတာက စိတ်နဲ့ချောင်းကြည့်ရတဲ့အပေါ်က်ပါ။ ဒါပေမယ့် သူကမေးပဲမေးခိုင်းတာပါ။
ဘုရားသခင်ဟာ တကယ်ပဲ မိမိကိုယ်မိမိ ပြန်မြင်နိုင်လောက်တဲ့ တရားဓမ္မ(ချောင်းကြည့်ပေါ်က်)ကို ပေးနိုင်ပါရဲ့လား။ ဒါကို ဆရာတာရာမင်းဝေက အပြီးသတ်မှာ မပြောပြထားပါဘူး။ တွေးယူကြည့်ဖို့ပဲ ရှိပါတော့တယ်။ ဆိုတော့ နောက်ပိုင်းသော ကာလတွေမှာ ဆရာတာရာမင်းဝေဟာ ဘာသာတရားနဲ့ပတ်သတ်ပြီး ဘယ်လိုရှိတယ်ဆိုတာ အတိအကျမသိနိုင်လောက်အောင်အထိ သူဟာ သူစာတွေမှာ ဒွိဟတွေနဲ့ ကွယ်ဝှတ်ထားခဲ့တယ်လို့ ယူဆစရာတော့ ရှိခဲ့ပါတယ်။ ပြီးတော့ ထူးခြားစွာပဲ သူဟာ
ခရစ်ယာန်ကျမ်းတွေကို နှံနှံစပ်စပ် လေ့လာထားတာကို တွေ့ရှိရပါတယ်။ တစ်ခါတစ်လေမှာ ခရစ်ယာန်ကျမ်းထဲက စာသားတစ်ချို့ကို သူ့ဝထ္ထူတွေထဲမှ ထုတ်ယူသုံးစွဲထာတာကို တွေ့ရပါတယ်။ သူ ထုတ်ယူသုံးစွဲခဲ့တဲ့ ခရယာန် ကျမ်းတွေကို ထုတ်ပြရရင်
၁။
ယောဘဝထ္ထူ (ယင်းကို မနက်ဖြန်ခါမှာ ထားခဲ့တဲ့မျက်နှာ၊ ကျွန်တော်နှင့် ဧဒင်ကချေသည် ဆိုတဲ့ စာအုပ်များမှာ သုံးစွဲခဲ့ပါတယ်။)
၂။
ရှင်မဿဲ၁၇:၂၀( ယင်းကို ယန္တယားအရေခွံ့နဲ့လူမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။)
၃။
ကမ္ဘာဦးကျမ်း (ယင်းကို ကျွန်တော်နှင့် ဧဒင်ကချေသည်မှာ အသုံးပြုခဲ့ပါတယ်။)
၎။
သုတ္ထံကျမ်း (ယင်းကို ကျွန်တော်နှင့်ဧဒင်ကချေသည်မှာ အသုံးပြုခဲ့ပါတယ်။)
၅။
သမ္မာကျမ်းစာ (ယင်းကို သင်နှင့်နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည် စာအုပ်မှာ သုံးခဲ့ပါတယ်။)
မှတ်ချက်။ ။ယင်းအချက်အလတ်များမှာ အပြည့်အစုံ မဟုတ်သေးပါဘူး။ ကျွန်တော် ဆက်လက်ဖြည့်စွတ်စရာတွေ ကျန်ရှိနေပါသေးတယ်။

တာရာမင်းဝေအားလေ့လာခြင်းTahanan ng mga kuwento. Tumuklas ngayon