သူနှင့်နံနက်ခင်းတရား
____________________
ဒီတစ်ခါ ရေးစရာကိုလည်း အလံမထူခဲ့သောလက်များထဲမှာပဲ ထပ်တွေ့မိပါတယ်။
ဝထ္ထူတိုလေး နာမည်က လူနှင့်နံနက်ခင်းတရားပါ။ဒီဝထ္ထူတိုလေးထဲမှာ ဆရာတာရာမင်းဝေက စိတ်ကိုဝေဖန်ဆန်းစစ်မူလေးတစ်ခု လုပ်ပြထားပါတယ်။
ဝထ္ထူက ဘယ်လောက်မှ မရှည်ပါဘူး။စာမျတ်နှာလေး သုံးမျတ်နှာလေး သုံးမျတ်နှာခွဲလောက်ပဲ ရှိပါတယ်။
ဒါပေမယ့် ဆိုလိုရင်းလေးက တကယ်ပေါ်လွင်ပါတယ်။ ရေးတာကို အတိုချုံဖော်ပြပါမယ်။
_မနက်က ကျွန်တော် သတင်းစာ
ထိုင်ဖတ်နေသည်။
_ကျွန်တော်နံဘေးမှာ ဖြူဖွေးဆိုသော
ခွေးကလေးရှိပါသည်။
_နှာမှုတ်သံကြီးကြောင့်
ကျွန်တော်လန့်သွားသည်။
လှည့်ကြည့်လိုက်တော့
မြွေကြီးတစ်ကောင်။
_ကျွန်တော်မည်သို့ လုပ်ရမှန်းမသိချိန်မှာ အမှန်တကယ်လုပ်သောသူမှာ ဖြူဖွေးဖြစ်သည်။ဒီနေရာလောက်အထိ ဝထ္ထူက ရိုးရှင်းစွာနဲ့ ရှင်းရှင်းလင်းလင်း တည်ဆောက်ပြလာခဲ့ပါတယ်။
ဒီနောက်မှာ တွေးခေါ်မူတွေက စလာပါတယ်။
(ဖြူဖွေးက စွေ့ကနဲခုန်ပြီး မြွေကိုခြောက်၏။
မြွေကလည်း ငြိမ်ခံနေသည် မဟုတ်ပါ။
ပြန်လည်တိုက်ခိုက်ရန်ပြင်၏ ။
"ဟေ့"
ကျွန်တော်မည်သူကို အော်လိုက်မှန်း ကျွန်တော်ကိုယ်တိုင်ပင်မသိပါ။)
ဒီနေရာတွင် သေချာဖတ်ဖို့လိုသည်။ကျွန်တော်တို့သည် ပုံမှန်အတိုင်းဆို ခွေးကိုအော်လိုက်သည်ဟု ဖြေမည်။ သို့မဟုတ် မြွေကိုဖြေလိုက်သည်ဟု ဖြေမည်။ သို့သော် ထိုအဖြေတို့သည် အမှန်တကယ် မှန်နိူင်ပါ၏လော။
ခွေးကိုအော်ခဲ့ခြင်းဟု ဖြေလျှင်၊ အဘယ်ကြောင့်နည်း။ ခွေးကိုမြွေပေါ်က်မှာ စိုး၍လော။ သို့ဆိုလျှင် မြွေသည် ခွေးကိုမကိုက်မိစေဖို့ မြွေကိုအော်လိုက်ခြင်းဖြစ်သည်ဟု ဆိုလျှင်လည်း ငြင်းစရာမရှိပေ။ အဖြေသည် လွယ်မယောင်နှင့်ခက်၏။