(Zawgyi)
မဟူရာရောင် တောက်ပနေသော စန္ဒယားကြီးက အခန်းထဲ ဝင့်ထည်ခန့်ညားစွာ တည်ရှိနေသည်။ နီညိုရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည့် မိန်းကလေးက သံစဉ်တွေဖန်တီးရင်း သူမကိုယ်တိုင်စီးမြော ကခုန်နေသလိုပင် တချက်တချက် တီးလုံးသံတွေအတိုင်း ခန္ဓာကိုယ်ကို ယိမ်းနွဲ့နေ၏။
အနောက်တိုင်းဝတ်စုံကိုယ်စီ ဝတ်ဆင်ထားသည့် ယောက်ျားတစ်ချို့ရယ် အရောင်အသွေးလှလှ ဂါဝန်ပုံစံစုံတို့ဖြင့် လှပနေသည့် မိန်းမပျိုလေးတစ်စု စကားတွေဖောင်ဖွဲ့နေကြသည်။
" ဘာများ သုံးဆောင်ပါမလဲရှင် "
ငွေရောင်ဗန်းအဝိုင်းပေါ်က စားစရာအချို့ကို ခါးအနည်းငယ်ညွတ်ပြီး အရှေ့က လူတစ်ချို့ထံ ရွေးချယ်ခိုင်းလိုက်သည် ။ ခေါင်းခါသူကခါ လက်ကာပြသူကပြသလို တချို့က ကျေးဇူးစကားဆိုပြီး ဗန်းထဲက မုန့်အချို့ကို ယူလိုက်ကြသည်။ ပြီးတော့ သူတို့ပြောနေကြ စကားတွေထဲ ပြန်လည်နစ်မြောကြပြန်သည်။
တစက်ကလေးပင် မထိရသေးသော ရှန်ပိန်ခွက်တစ်ခွက်ကို လက်ထဲကိုင်ထားသည့် လူတစ်ယောက်ရှေ့က သူမဖြတ်သွားလိုက်သည်။tuxedoအနက်ရောင်အောက်က ဆင်စွယ်ရောင် ရှပ်အင်္ကျီက ထိုသူ၏ မျက်နှာကို ပို၍ နုပျိုနေစေသလို။
မျက်ခုံးတန်းတန်း တို့က ဝိုင်းနေသည့်မျက်လုံးအိမ်ကို အထောက်အပံပြုပြီး မျက်နှာငယ်ပေါ် စိုးစံနေသည်။
နိုင်ငံရဲ့အကြီးဆုံးခရီးသွားလုပ်ငန်းစု၏ ပိုင်ရှင် . . အသက်အငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ . . ဂုဏ်ဒြပ်တွေအထပ်ထပ် အောင်မြင်မှုအလီလီတို့စီခြယ်ထားသော ထိုလူသား၏ တည်ရှိနေမှုက ခန်းမအတွင်းက သက်ရှိသက်မဲ့အားလုံးအပေါ် ထည်ဝါစွာ လွှမ်းမိုးထားသည်။" မင်းက ဒီမှာ ဘာလုပ်နေတာလဲ "
ဖြတ်လျှောက်လိုက်သည့်ခဏ အနှီလူသားက သူမကိုရည်ရွယ်သည့်စကားတစ်ခွန်းကို ဆိုလာသည်။ သူ့မျက်လုံးတွေကတော့ စန္ဒယားတီးနေသူ မိန်းကလေးထံမှ ယောင်လို့ပင်မခွာ ။
"ဧည့်ခံပွဲမှာ လူမလောက်ဘူး ဆိုလို့ပါ "
ပထမဆုံးဖြစ်သည့် ကိစ္စဟုမဆိုနိုင်သည့်အတွက် သူမက အခြေအနေကို ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်သည်။ အနီးက လူတစ်ယောက် မျက်လုံးထဲတွင်ပင် သူမတို့နှစ်ယောက်က စကားအပြန်အလှန်ပြောဆိုနေခြင်းမျိုးမဟုတ်ပဲ ငွေရောင်လင်ဗန်းထဲက စားစရာအချို့ သူ့ထံ ဝန်ဆောင်မှုပေးနေသည်ဟူ၍သာ မြင်ပေလိမ့်မည်။
YOU ARE READING
Chapter 0901
Romanceအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...