(Zawgyi)
ယိမ်းနွဲ့နေသည့် မြက်ရိုင်းပင်တွေက အမှောင်ရိပ်သန်းနေသော ပတ်ဝန်းကျင်မှာ ထိတ်လန့်စရာတည်ရှိမှုသက်သက်သာ ဖော်ကြူး၏။နိုင်ငံရဲ့အထင်ကရခရီးသွားလုပ်ငန်းတွေရဲ့ မြို့တော်ဖြစ်လင့်ကစား ပင်လယ်အနားသတ်သည့်ကျွန်းမြို့ကလေးသည် မြို့ပြတွေလို ညဘက်တွေမှာ နေရာတိုင်း သက်ဝင်လှုပ်ရှားမှုမရှိ. .။
အထူးသဖြင့် ပင်လယ်လှိုင်းသံတဝေါဝေါကြားနေရသည့် ဒီနေရာလေးသည် ပိုလို့ပင်တိတ်ဆိတ်ငြိမ်သက်နေသယောင် .သို့မဟုတ် နှစ်ယောက်အတူထိုင်နေပေမယ့် ခန္ဓာကိုယ်သာအနားရှိပြီး စိတ်ဝိညာဉ်က အဝေးကြီးကိုအတွေးတွေဖြန့်ကျက်ထားသည့် လူတစ်ယောက်ရဲ့ အသံတိတ်ဖြစ်တည်မှုက ခြောက်ခြားဖွယ်ကောင်းခြင်းတို့ထပ်လောင်းပေါင်းထည့်နေသလား . .။
"ဘယ်အချိန်ထိလဲ . . တိတိကျကျဘယ်လောက်တောင် အဲ့ဒီအိမ်မှာ ဆက်ရှိနေမှာလဲ "
မီးပြတိုက်အလင်းရောင် မှိတ်တုတ်မှိတ်တုတ်အဖော်ပြုနေသည့် နက်မှောင်နေသည့်ပင်လယ်ပြင်ကိုငေးကြည့်ပြီး မေးလာသည့်သူ . .။
"ငါမပြောတတ်ဘူး ဝူဂျင်း . . အချိန်တစ်ခုယတိပြတ်သတ်မှတ်ထားလို့မရသေးဘူး "
သူငေးမောနေသည့်နေရာရဲ့ ဆုံမှတ်တစ်ခုကို တွေ့လိုတွေ့ငြားလိုက်ငေးကြည့်နေမိရင်း မရေရာသည့် အဖြေတစ်ခုကိုပေးလိုက်မိသည်။
နွမ်းလျလျသက်ပြင်းတစ်ခုက သူမလုပ်ရပ်တွေမှားနေပြီဆိုတာ အသိပေးနေသလို . ။"ငါကနင့်ချစ်သူရော ဟုတ်သေးရဲ့လား ဂိုယွန်း "
အရင်က သူမအမြဲငေးမောပြီးကြည့်တတ်သော
နုနယ်သည့်မျက်နှာမှာ မကျဉ်းမကျယ်မျက်ဝန်းတွေအပြင် မေးရိုးသွယ်သွယ်ပါ ပိုင်ဆိုင်သည့် ဂန်ဂျင်ဝူးဆိုသော အမျိုးသား . အနက်ရောင်ဆံပင်ပျော့ပျော့တွေက သူ့နဖူးပေါ်မှာလူးလွန့်နေသည်။ယခုတွင်မူ အလိုမကျမှုတွေ အထင်အရှားရှိနေသည့် ဝူဂျင်းမျက်လုံးတွေကို သူမ ထပ်ပြီးမော့မကြည့်နိုင်တော့ . .။"တော်တော်လေးခရီးရောက်နေပြီလား နင့်အလုပ်ရှင်နဲ့ "
တူညီသောမေးခွန်းတွေနဲ့ သူမကိုနှိပ်စက်ဖို့သူရောက်လာခဲ့မှန်း သိခဲ့သည်။ခံနိုင်စွမ်းတွေပြည့်လွန်းနေပြီဟု ထင်ထားသမျှက အရှက်တရားမဲ့စွာ နာကျင်ပြန်၏။ အနာမကျက်သေးလို့ဖြစ်မည်ထင်သည်။

YOU ARE READING
Chapter 0901
Romansaအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...