[5]

3K 319 26
                                    

(Zawgyi)

"ဒါ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ
ဂိုယွန်း . . စီစဉ်ထားတာတွေအကုန်လုံး
သူ့ကြောင့်ပျက်စီးသွားရင် မကောင်းဘူး "

လက်ကိုင်ဖုန်းသေးသေးကို ဆုပ်ကိုင်ထားပြီး သူမခေါင်းကို တညိမ့်ညိမ့် . . တဖက်လူမမြင်နိုင်မှန်းသိပေမယ့် အကျင့်တစ်ခုလိုအခြေအနေမို့။

"ဟုတ်ကဲ့ နောက်မဖြစ်စေရပါဘူး "

"ဒါတွေအကုန် ဆူဘင်း အတွက်ဆိုတာလည်း ဘယ်တော့မှမမေ့နဲ့ "

ဆူဘင်း. .
နာမည်တစ်ခွန်းရေရွတ်ရင်တောင် သူမရင်ဘတ်ထဲက နှလုံးသားကိုစုတ်ချေခံရသည့်နှယ် နာကျင်ရသည့် သူမဘဝရဲ့အဖိုးအတန်ဆုံး အလှဆုံးအမှတ်တရ . . ။

ဆူဘင်းရဲ့ အပြုံးတွေကဖြူစင်သည်. မျက်ဝန်းနက်နက်တို့ကရယ်လိုက်ရင် လခြမ်းလေးလိုကွေးညွတ်သွားတတ်ပြီး . .စင်းတဲ့နှာတံတွေက ဖူးညွတ်ညွတ်နှုတ်ခမ်းတစ်စုံရဲ့အထက်မှာ လှလှလေးတည်ရှိနေတတ်သည်။ ထိုအလှတွေအပေါ်အရောင်အနည်းငယ်တင်ပြီး ပြင်ဆင်တတ်သည့် ဆူဘင်းက သူမတို့ကျောင်းမှာ အလှဆုံးစာရင်းဝင် . .။ စီနီယာအစ်ကိုကြီးတွေရဲ့ အချစ်ဆုံးဖြစ်သလို. ရွယ်တူယောက်ျားလေးတွေရဲ့ ပိုးပန်းမှုကိုအခံရဆုံးလဲဖြစ်ပြန်သည်။

သူမကတော့ ' လောကကြီးမှာ ငါဂရုစိုက်တဲ့ လူဆိုလို့ ငါ့မိဘတွေရယ် ငါတို့ဂိုယွန်းရယ် ဝူဂျင်းရယ် လေးယောက်ပဲ ကျန်တာတွေ ဘာဖြစ်ဖြစ်ငါစိတ်မဝင်စားဘူး ' ဟုသာ သူမကိုမှမရရင် သေရပါတော့မယ်ဆိုသော ပုရိသများကို တုံ့ပြန်တတ်၏။

တကယ်လည်း ဆူဘင်းစကားတို့သည် အမှန်တရားဖြစ်ခဲ့သည်။ ညနေခင်းတစ်ခုမှာ သူမတို့ဆုံနေကြ ရပ်ဝန်းလေးဆီ ဆူဘင်းရောက်လာပြီး သူ့အကြောင်းတွေကို ခရားရေလွှတ်မပြောခင်အချိန်ထိ . . . သူမတို့သည် ဆူဘင်းဘဝရဲ့ ပထမဆုံးနေရာမှာရှိနေခဲ့ဖူးသည်။

"သူရယ်လိုက်ရင်. . ယုန်ကလေးနဲ့သိပ်တူတာဟ "

ဆံပင်အရောင်တစ်မျိုးမျိုးနဲ့ အမြဲအသစ်ဖြစ်နေတတ်သော သူမဆံနွယ်တွေ ဒီနေ့တော့ အညိုရောင်ဖျော့ဖျော့သာဖြစ်နေခဲ့ပြီး လခြမ်းပုံမျက်ဝန်းလေးတွေက 'သူ့' အကြောင်းပြောတာကို အားရကျေနပ်နေသလို အရည်တွေလက်နေခဲ့သည်။

Chapter 0901Where stories live. Discover now