(Zawgyi)
ပြူတင်းပေါက်လိုက်ကာကို ပိတ်လိုက်သည့်အခါ အခန်းအတွင်းက အလင်းရောင်တို့ ပျောက်ဆုံးကုန်သည်။ အေးစိမ့်လွန်းလှသော ရာသီဥတုအခြေအနေကို မှန်တွေခြားထားတဲ့ အိမ်ခန်းထဲကပင် အလိုအလျောက်ခံစားမိလျက်။
သည်းထန်လွန်းစွာရွာနေတဲ့မိုးက တစ်နေ့လုံးတိတ်မယ့် လမ်းစမမြင်. . . . ။စားပွဲတင်နာရီက မနက်ခင်း ၆နာရီကို ဖော်ပြနေတာမို့ မနက်စာအဆင်သင့်ပြင်ရန် သူမ အခန်းထဲက ထွက်လာလိုက်သည်။
ရာသီဥတုကြောင့်လား မနေ့ညက အချိန်ကြာကြာအပြင်မှာနေလိုက်တာကြောင့်လား မသိ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးနွေးနဲ့ ကိုက်ခဲနေပြီး နိုးနေကျအချိန်ထက် ပိုနောက်ကျပြီးမှ အိပ်ရာကနိုး၏။"ဖျားနေပြီနဲ့တူတယ်"
တစ်ယောက်တည်းရေရွတ်ရင်း မီးဖိုခန်းဘက်ကို လျှောက်လာလိုက်သည့်အခါ တွေ့လိုက်ရတဲ့ မျက်နှာတစ်ခုက သူမတစ်ကိုယ်လုံးကို အေးစက်သွားစေခဲ့သည်။
"ဦးလေး အစောကြီးနိုးနေတာပဲ "
ခက်ထန်လွန်းသောမျက်နှာအသွင်အပြင်က စကားဆက်ဆိုဖို့မစွမ်းသာအောင် တားဆီးထားသည်။နဂိုထဲက အင်အားမရှိသလိုခံစားနေရသော လက်ဖဝါးတွေက အခုဆို ချွေးစီးတွေပြန်ပြီးစေးကပ်ကပ်ဖြစ်လာခဲ့ပြီ။သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုကို ကြည့်နေရသလို ပတ်ဝန်းကျင်က ခြောက်ခြားစရာအတိနှင့် ငြိမ်သက်လို့နေပြီးခေါင်းထဲမှာ ဘာကိုကြောက်နေတာလဲဆိုသည့် စကားသံတို့က သူမကိုလှောင်ရယ်နေကြသလို ဆူညံစွာအသံပေးလို့နေ၏။
"နေမကောင်းဘူးလား မျက်နှာကဖြူဖပ်ဖြူရော်နဲ့"
"ဟုတ်ကဲ့ အအေးမိသွားတယ်နဲ့တူတယ်"
"အပြင်မှာ အကြာကြီးနေတာကိုး "
ဦးခေါင်းက တဆစ်ဆစ်ထိုးကိုက်လာသည်။မခံမရပ်နိုင်လောက်အောင် နာကျင်လှတာမို့ အနီးရှိနံရံကိုအမှီတစ်ခုလို အသုံးပြုလိုက်၏။သူငယ်ချင်းရဲ့ချစ်သူကို နမ်းရင် ဒီလိုအပြစ်ပေးခံရသလားသည့် ရူးနှမ်းနှမ်းအတွေးတို့ကပါ ခေါင်းထဲကြီးစိုးလာသည်။

YOU ARE READING
Chapter 0901
Romanceအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...