[2]

4.9K 386 38
                                    

(Zawgyi)

မိုးလေအေးအေးတို့က ခပ်ကြမ်းကြမ်းတိုက်ခတ်နေသည်။ အနက်ရောင်ကားတစ်စီးက မိုးရေတွေ စိုရွှဲနေသော လမ်းမကြီးပေါ်မှာ တစ်စီးထဲ အရှိန်မြှင့်မောင်းနှင်လျက်. . .

အိမ်. . ။
ဦးတည်ချက်လို့ပြောဖို့ထက်
အိပ်စရာနေရာလို့ပြောရင်ပိုမှန်မည့်နေရာ

ရက်သတ္တပတ် တစ်ခုစာ အဝေးရောက်နေခဲ့လို့ လွမ်းနေသည်လို့တော့ သတ်မှတ်စရာမလို။ လွမ်းတယ်ဆိုတာ အပြင်မှာ ရွာနေတဲ့ မိုးရေတစ်စက်လောက်တောင် တန်ဖိုးရှိတာမှတ်လို့. . ။

အနည်းဆုံး မိုးရေတစ်စက်က မြက်ပင်တစ်ပင် အသက်ရှင်ဖို့ စွမ်းဆောင်နိုင်သေးတယ် မဟုတ်လား.

"ဦးလေးတောင် မိုးရေထဲကားအမြန်မောင်းတာ အသားကျလာပြီ"

အတွေးစတို့ကို ဖြတ်တောက်လိုက်သည့် စကားကြောင့် ကားရှေ့ခန်းကို တချက်မော့ကြည့်လိုက်ပြီး . .  .နှုတ်ခမ်းတွန့်ရုံလောက်သာသူ ပြုံးပြလိုက်သည်။

" ကလေးထိန်းကလေ ဟွမ်လေးကို အရမ်းချစ်တာပဲနော် "

"ထင်ရတာပဲ . ."

သူ့စကားကိုကြားတော့ အိမ်တော်ထိန်းကြီးက ပြုံးပြီးကြည့်လာသည်။

" စိတ်ချထားပြီးတော့များ "

" . . . "

တကယ်ပဲ . .
စိတ်ချဖို့ သင့်တဲ့လူမှဟုတ်ရဲ့လား သူမစဉ်းစားချင်။ စဉ်းစားဖို့အချိန်မပေးနိုင်ဘူးဆို ပိုတိကျသည်။

မိုးရေစက်တွေ ကားပြူတင်းပေါက်မှန်ပေါ်က တလှိမ့်ချင်းစီးနေသည်။ယိမ်းနွဲ့နေသော သစ်ပင်ကြီးတွေက အကိုင်းအခက်တွေ လွတ်ထွက်သွားအောင် လှုပ်ခါနေသည့်နှယ်။ တဖြေးဖြေးပိုတိုက်လာသည်ထင်ရသော လေတိုက်နှုန်းက ကားရဲ့အရှိန်ကို တမင်တကာ ပိုနှေးအောင်လုပ်နေသလို . . .

"သူရောက်လာတုန်းကလဲ . . "

". . ."

နောက်ကြည့်မှန်ကတဆင့် သူ့ကိုလှမ်းကြည့်ရင်း စကားဆက်ပြောဖို့ သင့် မသင့် စဉ်းစားနေဟန်ရှိသည့် ဦးလေးက သူခေါင်းတစ်ချက်ညိမ့်ပြတော့ စကားဆက်ဖို့ နှုတ်ကိုပြင်လိုက်သည်။
တစ်ခါတလေ အလုပ်အကြောင်းမဟုတ်တာလေး နားထောင်ချင်စိတ် ဖြစ်ကောင်းသည်မဟုတ်လား. .

Chapter 0901Where stories live. Discover now