(Zawgyi)
"မူကြိုသွားလိုက်ပါဦးမယ် ခင်ဗျ "
တံခါးချပ်ကြီးအနောက်က ခေါင်းခပ်သေးသေးလေးတစ်ခုက မပီမသစကားသံတွေနဲ့ သူ့ဆီလာနှုတ်ဆက်တော့ နံရံပေါ်က နာရီကိုခပ်သွက်သွက်မော့ကြည့်လိုက်ပြီး သားရှိရာကို လျှောက်သွားလိုက်သည်။
"သား မအိပ်သေးဘူးလား "
"ဟင့်အင်း သား မနက်ကျရင် ပြောဖို့လေ့ကျင့်နေတာ ဖေဖေ! သားနဲ့ မူကြိုကျောင်းသွားတမ်း ထပ်ဆော့ရအောင်နော် "
မူကြိုတက်ဖို့ သူဝယ်လာပေးတဲ့ အဝါရောင်ကျောပိုးအိတ်ကလေးကို သဘောခွေ့ပြီး မချွတ်တော့တာ ညနေခင်းကတည်းကဖြစ်သည်။ အခုလည်းကြည့် မနက်ခင်းပြောမယ့်စကားတွေကို ကစားနည်းလုပ်ကာ ကြိုပြီးတော့တောင်လေ့ကျင့်နေတယ်တဲ့လေ။
"စောစောအိပ်မှ မနက်မူကြိုသွားဖို့ စောစောထလို့ရမှာပေါ့ သားရဲ့ အိပ်တော့နော် "
နှုတ်ခမ်းလေးကိုစူပြီး ခေါင်းငိုက်ချလိုက်သည့် ကလေးငယ်က သူ့ကို အသံတိတ်ဆန္ဒပြ၏။ ခဏလောက်ထပ်ပြီး ကစားပေးချင်ပေမယ့် အိပ်ချိန်ထက်ကို ပို၍ကျော်လွန်နေတာမို့ သားဘက်ကို သူလိုက်လို့မရ . . .။
အဖေရောသားရော နှစ်ယောက်လုံး ကင်ဂိုယွန်းဆီမှာ အဆူခံရမည့် ကိန်းမို့ ။
ဂိုယွန်း . . . ?!"သား ယွန်းနီးရော သားကို သူချော့မသိပ်ဘူးလား "
"ယွန်းနီး မရှိဘူး ဖေဖေရဲ့ သားကို ထမင်းကျွေးပြီးထဲက အပြင်ထွက်သွားတယ်လေ အဲ့ဒါကြောင့် သားက အိမ်တော်ထိန်းကြီးနဲ့ ဆော့ပြီး ယွန်းနီးလာတဲ့ထိ စောင့်နေတာ "
"ဟုတ်ပြီလေ ဒါဆို ဖေဖေသားကို ချော့သိပ်မယ် အဆင်ပြေလား "
"အရမ်းးးး. . . .ပြေ "
သား နှာခေါင်းလေးတွေကို ဖွဖွလေးထိလိုက်ပြီး ကိုယ်လေးကို လက်တစ်ဘက်နဲ့ပွေ့ချီမလိုက်သည်။ တနေကုန် စိတ်လိုလက်ရကစားထားရတာမို့ သူ့အိပ်ရာပေါ်ကိုရောက်တာနဲ့ ချက်ချင်းဆိုသလိုအိပ်ပျော်သွား၏။
"ဦးလေး ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ် "
ဖတ်လက်စသတင်းစာကို စားပွဲပေါ်တင်ပြီး အိမ်တော်ထိန်းကြီးက သူ့ကိုမော့ကြည့်လာသည်။

YOU ARE READING
Chapter 0901
Romanceအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...