[16]

2.4K 243 25
                                    

(Zawgyi)

တောင်ပေါ်ဒေသလေးက သိပ်ကိုအေးချမ်းလို့နေသည်။လမ်းဘေးတစ်ဖက်စီမှာ စီတန်းပြီးစိုက်ပျိုးထားတဲ့ ထင်းရှူးပင်တွေရဲ့ထိပ်ဖျားပိုင်းတွေက မြူတွေနဲ့ရစ်ဆိုင်းလို့နေပြီး အနွေးထည်ထူထူဝတ်တာတောင်မလုံလောက်တဲ့ အအေးဓာတ်တွေကို ဖြန့်ကျက်ထား၏။ အငွေ့အသက်ကအစကွဲပြားလွန်းတဲ့ နေရာလေးက ရင်းနှီးပေမယ့်သူစိမ်းဆန်သေးသည်။လာလိုက်သည့်အချိန်တိုင်း ရင်ပူစရာအတွေးတွေ ပိုက်လာရတာမို့လားတော့ မပြောတတ်။

မအားဘူး မလာနဲ့ဆိုတဲ့ စကားကိုလျစ်လျူရှုပြီး ရောက်လာတဲ့အခါ သူမကို ကြိုဆိုမယ့်သူတစ်ယောက်မှမရှိ။လွယ်လွယ်ကူကူဆုံးဖြတ်ခဲ့တာမဟုတ်သည့်အပြင် ဒီနေ့မှမဟုတ်ရင် တစ်သက်လုံးလုပ်ဖြစ်တော့မှာမဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ ရောက်လာခဲ့ခြင်းဖြစ်တာကြောင့် လှည့်ပြန်သွားဖို့အစီအစဉ်လည်းမရှိ။

(ငါ ဆေးရုံဝန်းထဲက ပန်းခြံမှာစောင့်နေမယ် နင်ဂျူတီပြီးတဲ့အချိန် ထွက်တွေ့ပေးပါ)

ဘယ်နှကြိမ်မြောက်မှန်းမသိသော ပင့်သက်တွေရှိုက်ရင်း ခုံတန်းရှည်ပေါ်မှာထိုင်နေလိုက်သည်။လက်ထဲမှာရှိနေတဲ့ ဖုန်းလေးရဲ့တုန်ခါမှုက သူမ စိတ်အစဉ်ကို စုစည်းစေပြန်သည်။ဝူဂျင်းဆီက ပြန်စာမဟုတ်သည့်တိုင် ထိုခဏမှာရောက်လာတဲ့ စာတိုလေးက သူမအတွက်အားတစ်ခုလိုဖြစ်စေပြန်သည်။

(အရမ်းနောက်ကျမယ်ဆို အဲ့ဒီမှာအိပ်ပြီး မနက်မှပြန်ခဲ့နော် )

ဒီလောက်အထိ နွေးထွေးတဲ့လူကို သံသယမျက်လုံးတွေနဲ့ပဲ ဆက်ကြည့်နေဖို့လုံးဝမသင့်မှန်း အားလုံးသိအောင် သူမ ရှင်းပြဖို့လိုသည်။ဦးလေးရဲ့ ဒေါသတွေ ဒီ့ထက်ပိုပြီး အန္တရာယ်မများလာခင် တားဆီးရမည်။ဒါကြောင့်လောလောဆယ်မှာ အလုပ်သင့်ဆုံးလို့ သူမ တွေးထားတဲ့ ကိစ္စတစ်ခုကိုဦးစားပေးပြီး အရင်လုပ်ရမည်။

"ဂိုယွန်း "

ဝူဂျင်းက သူမအရှေ့မှာရပ်နေသည်။မျက်ကွင်းညိုညိုရယ် အနည်းငယ်ချောင်ကျသွားတဲ့ မျက်နှာရယ်က မအိပ်ပဲ အလုပ်တွေချည်းဖိလုပ်နေတဲ့လူလိုမျိုး . .

Chapter 0901Where stories live. Discover now