[18]

2.2K 228 21
                                    

(Zawgyi)
🌸🌸🌸🌸

အတွေးတွေထဲ ဖုံးလွှမ်းထားတဲ့ စကားတစ်ခွန်း။
အန်တီနဲ့စကားပြောနေရင်း ၊ ဟွမ်လေးနဲ့ အတူတူဆော့ပေးနေရင်း. . .ခဏခဏသတိရမိတဲ့ထိုစကား။ အကြိမ်ကြိမ်မေ့လိုက်တိုင်း အသစ်လိုတစ်ဖန်ပြန်ကြားယောင်မိတဲ့စကား ရင်ထဲမှာ တဆစ်ဆစ်နာသလို တစ်ဖက်ကလည်း ကြည်နူးမိပြန်တဲ့ ထိုစကားတစ်ခွန်း။

သူ့မိန်းကလေးဖြစ်နိုင်ပေမယ့် ဟွမ်လေးအမေဖြစ်ဖို့ သူမမှာလိုအပ်ချက်တွေရှိနေသေးတာလား. .

ဂျုံးဂုက ဧည့်ခန်းမှာ ဦးလေးဟန်နဲ့ တစ်စုံတစ်ခုကို ဆွေးနွေးနေဟန်ရှိတာကြောင့် အန်တီရော သူမပါ အိမ်ထဲမဝင်ဖြစ်သေးပဲ အပြင်ဘက်က စားပွဲဝိုင်းလေးမှာဆက်ထိုင်နေကြခြင်းဖြစ်သည်။

အန်တီတို့ခြံထဲမှာ သိပ်လှတဲ့ နှင်းဆီပန်းတွေရောင်စုံပွင့်တဲ့ ဥယျာဉ်သေးသေးလေးရှိသည်။တောင်ပေါ်လေအေးအေးလေး ဖြတ်တိုက်သွားရင် ထိုနှင်းဆီပန်းအနံ့တွေပါ တပြိုင်ထဲပါလာသည်မို့ စိတ်ချမ်းသာစရာကောင်းတဲ့ ပတ်ဝန်းကျင်လေးဖြစ်၏။

"သမီးကို ပြောပြီးပြီလား "

စိုစွတ်စွတ် မြက်ပင်တွေပေါ်မှာ ဘောလုံးကန်နေသည့် ဟွမ်လေးကိုကြည့်ပြီး အန်တီ့နှုတ်ခမ်းတွေက ပြုံးနေပေမယ့် မျက်ဝန်းတွေထဲမှာတော့ စိုးရိမ်စိတ်တွေအပြည့်။

"ဟုတ်ကဲ့ "

"ဘယ်လိုတွေလုပ်ကြဦးမလဲ မသိဘူး "

"ဂျုံးဂု ဆုံးဖြတ်ပါစေ အန်တီ "

အန်တီက သူမကိုကြည့်ပြီး သက်ပြင်းချ၏။

"ဟွမ်လေးကို အန်တီတို့မွေးမယ်ဆိုပြီး သားဆီကတောင်းဖူးတယ် သိလား"

မေးနေတာနဲ့မတူပဲ အကြောင်းအရာတစ်ခုကို ပြောပြချင်နေဟန်ရှိတာမို့ ဒီတိုင်းလေးသာ ဆက်၍ နားထောင်နေလိုက်သည်။

"သားက သဘောတူခဲ့တယ်လေ ကျွန်တော့်လက်ထဲမှာဆိုလည်း ကောင်းကောင်းကြီးပြင်းမှာ မဟုတ်ဘူးမေ မေပဲ ခေါ်ပြီး ကျွန်တော့်ထက်ပိုတော်တဲ့ လူတော်တစ်ယောက်ဖြစ်အောင်ပျိုးထောင်ပေးပါတဲ့လေ . . .မနက်ခင်းကို အဲ့လိုစကားပြောထားတဲ့ကလေးက နောက်တစ်နေ့လည်းကျရော သားအတွက် ကလေးထိန်းတစ်ယောက်ရထားတယ်မေ  မေလာမခေါ်ပါနဲ့တော့ဆိုပြီး အန်တီ့ကိုဖုန်းဆက်ပါလေရော . . ."

Chapter 0901Where stories live. Discover now