(Zawgyi)
💜✨💜✨သန်းခေါင်ယံအချိန်မှာ ရောက်လာတဲ့ message တစ်ကြောင်းက မိုးလင်းအထိ အိပ်ရေးပျက်စေခဲ့မယ်မှန်းသိရင် ဂျုံးဂုအဲ့ဒီစာကိုဖတ်မိမှာမဟုတ်။ အဓိပ္ပာယ်မရှိ ယုတ္တိမဆန်သော စာတစ်ကြောင်းအပေါ်မှာ သက်ပြင်းတချချနဲ့ တနုံ့နုံကြီးခံစားနေရတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်မြင်မိသည်။
ကျေးဇူးပြုပြီး ပျော်စရာအချိန်တွေကို ဒီတိုင်းလေး ဆက်သိမ်းထားခွင့်လေး မရနိုင်ဘူးလား။အများကြီးတောင်းဆိုတာမဟုတ်ပဲ တစ်ခုပဲ..
အဲ့ဒီဆုတောင်းတစ်ခုပဲ ဖြည့်ပေးလို့မရဘူးလား။စာကြည့်စားပွဲပေါ် ဖုန်းကိုထားခဲ့လိုက်ပြီး အခန်းထဲကို ပြန်ဝင်လာခဲ့လိုက်သည်။ ညအိပ်မီးလေးထွန်းထားရုံသာမို့ အခန်းကသိပ်မလင်းပေမယ့် မြင်နိုင်စွမ်းတော့ ရှိသေး၏။ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ခန္ဓာကိုယ်လေးကို စောင်ပါးတစ်ထပ်ခြုံပေးရင်းသက်ပြင်းချမိတော့ လန့်သွားမလားအထင်နှင့် ဖြတ်ခနဲ စိတ်ပူလိုက်မိသေးသည်။
နဖူးပေါ်က ဆံပင်ကို သပ်ရင်း အနမ်းတစ်ပွင့်ခြွေကာ ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်ရင်း သူပါအတူ မှေးစက်လိုက်သည်။ ဝေလီဝေလင်းမနက်ခင်းမှာ ကျိန်းစပ်နေတဲ့ မျက်လုံးတွေကို အနားပေးချင်မိရုံ။
သို့သော် စကားနားမထောင်တဲ့ သူ့မျက်လုံးတွေနဲ့ စဉ်းစားရလွန်းလို့ နွမ်းနယ်နေပြီဖြစ်တဲ့ ဦးနှောက်နဲ့ ဘယ်လိုအချိန်းအချက်တွေများလုပ်ထားသည်မသိ... မျက်နှာကြတ်ပေါ်ကိုငေးစိုက်မိလျက်သာရှိနေမိသည်။ အဖြူရောင် မျက်နှာကြတ်ကို မကြည့်ချင်တော့တဲ့အဆုံး ဘေးကိုလှည့်လိုက်သည့်အခိုက် သူ့ကိုမော့ကြည့်နေသည့် မျက်လုံးကလေးတွေကြောင့် ရင်ထဲအလိုမကျမှုတွေက အစရှာမရအောင် ပျောက်ရှကုန်သည်။
မြတ်နိုးခြင်းဆိုတာ ချစ်တယ်ဆိုတာထက်ကို ပိုနူးညံ့သိမ်မွေ့တယ်လို့ သူ ယူဆသည်။ဒါကြောင့်လည်း မျက်စိရှေ့မှာ ရှိနေတဲ့ မိန်းကလေးကို ချစ်ခင်တာထက် အတိုင်းအဆမရှိပဲ မြတ်နိုးမိတာမဆန်း။
အရင်က မျက်တောင်မခတ်ပဲ ခပ်စူးစူးစိုက်ကြည့်ပြီး ရန်တွေ့တတ်သည့် ကောင်မလေးကိုလည်း သူမြတ်နိုးခဲ့သလို အခု အိပ်မှုန်စုံမွှားနဲ့ သူ့ရင်ခွင်ထဲကို တိုးဝင်လာတဲ့ ကောင်မလေးကိုလည်း သူမြတ်နိုးနေဆဲဖြစ်သည်။

YOU ARE READING
Chapter 0901
Romanceအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...