[6]

2.9K 314 58
                                    

(Zawgyi)

ဟိုတယ်ရဲ့ တတိယထပ်ဧည့်ခန်း မှန်ချပ်နံရံတွေက တဆင့်. လမ်းမပေါ်က သက်ဝင်လှုပ်ရှားမှုအလုံးစုံကို ပိတ်ကားတစ်ချပ်လိုမြင်နေရသည်။

မုန်တိုင်းငယ်အဖျားခတ်ခြင်း. . ။
ကျွန်းမြို့ပေါ်နေထိုင်သူတွေအတွက် စိမ်းသက်မနေသော နာမည်စု။
တအုံးအုံးအသံတွေပေးနေသည့် ကောင်းကင်က မီးခိုးရောင်မှိုင်းမှိုင်းတိမ်စိုင်တွေကြားမှာ 
လျှပ်စီးတွေတပြတ်ပြတ်လတ် ရုန်းရင်းဆန်ခတ်ဖြစ်နေသလောက်။

လမ်းမပေါ်မှာတော့
ထိုအခြေအနေနဲ့မသက်ဆိုင်စွာ . .
လုပ်ရိုးလုပ်စဉ်တစ်ခုအတိုင်း လူတွေဥဒဟိုပြေးလွှားနေကြသည်။ ကျောင်းသူတစ်စု ထီးတစ်ချောင်းအတူတူဆောင်းရင်း စကားလုပြောနေကြသည်။အချိန်အခါမပေးပဲကျလာသည့် မိုးရေစက်တွေကို လက်ကိုင်အိတ်ခေါင်းပေါ်တင်ကာ ကာကွယ်ပြီး အမိုးတစ်ခုအောက်ပြေးဝင်နေကြတဲ့ လူတစ်ချို့ရှိသည်။

ထို ထို လူတွေကြား. . အနီရဲရဲထီးတစ်ချောင်းကို ခပ်မြင့်မြင့်ဆောင်းထားသည့် မိန်းကလေးတစ်ယောက်လည်း အညိုရောင်စာအိတ်တစ်ခုကို ရင်ဘတ်ထဲထည့်ဖက်ထားပြီး လမ်းတစ်ဘက်ကို ဖြည်းဖြည်းချင်းကူးလျှောက်လာသည်။

သားကို မေတို့နဲ့ ထည့်ပေးလိုက်သည့်နေ့ကတည်းက နှစ်ယောက်သာကျန်ခဲ့သည့် အိမ်ကြီးထဲ
မနက်စာအသင့်ပြင်ထားသည့် ထမင်းစားပွဲ. . သူအပြင်က ပြန်လာလို့ ဗီရိုဖွင့်လိုက်ရင် တွေ့ရမည့် မီးပူတိုက်ပြီးသား အင်္ကျီနှစ်ထည်သုံးထည် . .
သူမရောက်ခင် ဦးစွာ နေရာယူထားသည့် စာကြည့်စားပွဲပေါ်က ကော်ဖီပူပူတစ်ခွက်. .
ထိုအရာတွေမှလွဲ၍
အိမ်တစ်အိမ်လုံးမှာ လူဆိုလို့ သူတစ်ယောက်ပဲရှိသလားထင်ရအောင် ကိုယ်ယောင်ဖျောက်နေသည့် သူမ . . ။

"စားပွဲပေါ်က စာအိတ်အညိုရောင်ကို ယူပြီး နာရီဝက်အတွင်းလာခဲ့' ဆိုသည့်စကားကို ဟိုတယ်နာမည်တစ်ခုနဲ့တွဲပို့လိုက်သည့် သူ့စာကို ဖတ်ပြီးကြောင်းသာပေါ်လာပြီး စာပြန်မပို့ခဲ့သည့်သူမက တကယ်ကို နာရီဝက်အတွင်း သူရှေ့ကို ရောက်နေခဲ့သည်။

"ထိုင် "

စီးပွားရေးလုပ်ငန်းရှင်အချို့ခြေရှုပ်နေသည့် ဧည့်ခန်းကျယ်ကြီးထဲမှာမှ သူထိုင်နေသည့်ခုံအရှေ့မှာ မတ်တပ်ရပ်နေသော ဂိုယွန်း။
စာအိတ်ကိုင်ထားသည့်လက်နှင့် ထိုင်စရာနေရာကိုပြလိုက်တော့ ချက်ချင်းခေါင်းခါ၏။

Chapter 0901Where stories live. Discover now