❣❣❣
🌸
(Zawgyi)
ကားလက်မှတ်မရတာကြောင့် လိုအပ်သည်ထက် နှစ်ရက်ပိုတိုးကာနေဖြစ်သည့်အိမ်မှာ အလကားထိုင်နေလို့မကောင်းဟု ယူဆတာကြောင့် လူကြီးနှစ်ယောက်အတွက် မနက်စာပြင်ပေးဖို့ စောစောထဖြစ်ခြင်းဖြစ်သည်။ ဒီနေရာမှာက အချိန်တိုင်း စိမ့်ပြီးအေးတတ်သည်မို့ အနွေးထည်ကို မပြတ်ဝတ်ထားရသည်။
အဝတ်အစားအပိုပြင်မလာသည့်
သူမအတွက် ဂျုံးဂုအမေက လိုလေးသေးမရှိစေရန် ပြင်ဆင်ထားပေးခဲ့၏။
အန်တီက ဗီရိုထဲကို အနွေးထည်သုံးလေးထည် ခေါက်ထည့်ပေးရင်း ဒါတွေက သားအင်္ကျီတွေလေ သမီးရဲ့လို့ ရယ်ရယ်မောမောပဲပြောသွားခဲ့
ပြီး ထားခဲ့သည် အင်္ကျီတွေကြားမှာ အရောင်ပြယ်စပြုနေသည့် အနွေးထည်တစ်ထည်က ဂိုယွန်းအာရုံကို ဖမ်းစားခဲ့သည်။သေချာလျှော်ဖွတ်ထားသည့် ဆပ်ပြာနံ့သင်းသင်းလေးရဲ့အနောက်မှာ ကပ်ငြိနေတဲ့ ကိုယ်ငွေ့လေးတစ်ခု … ဘယ်သူမှမမြင်နိုင်မှန်းသိပေမယ့် ရှက်ပြုံးလေးပြုံးမိရင်း ထိုအင်္ကျီလေးကို ဝတ်လိုက်သည်။
လူကြီးတွေမနိုးခင်မြန်မြန်လေး ပြင်ဆင်မှပါလို့ တွေးရင်း အခန်းတံခါးကိုဖွင့်လိုက်သည့်ခဏ သူမ မရည်ရွယ်ပါပဲ အာမေဋိတ်သံတစ်ခုကို ရေရွတ်မိလျက်သား. . ."ဂျုံးဂု "
မျက်နှာချင်းဆိုင် အခန်းတံခါးဝကို မှီရင်းလက်နှစ်ဖက်ပိုက်ရပ်နေသည့် ဂျုံးဂုက အတောက်ပဆုံးရယ်ရင်း သူမကိုငေးကြည့်နေ၏။
" . . . . "
"ဘယ်လို လုပ်ပြီး - "
သူမကို ရင်ခွင်ထဲထည့်ပြီး သိမ်းကြုံးဖက်လိုက်သည့် ဂျုံးဂုကြောင့် စကားကိုရှေ့မဆက်နိုင်ခဲ့။မျက်နှာအပ်ထားသည့် ရင်ဘတ်ပေါ်မှာ နှလုံးခုန်သံကျယ်ကျယ်ကို တိကျပြတ်သားစွာကြားနေရသည်။ အသက်ရှူသွင်းလိုက်သည့်အခိုက် လွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းက ရေးရေးလေးသာ ရခဲ့တဲ့ ကိုယ်သင့်အနံ့လေးက အခုတော့ အလွမ်းပြေစေဖို့အထိ စွမ်းဆောင်လို့. . .
သူ့ခါးကို လက်နဲ့ယှက်ရင်း ရင်ခွင်ထဲပိုတိုးဝင်မိတော့ သူမကို ပိုပြီးတင်းတင်းလေးဖက်လာခဲ့သည့် ဂျုံးဂု။
YOU ARE READING
Chapter 0901
Romanceအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...