✨✨✨
နီညိုရောင်ရင့်ရင့် ကောင်းကင်ပြင်က ကြောက်မက်ဖွယ်ရာအတိပြီးသော ညနေခင်းတစ်ခုကိုဖန်တီးနေသည်။ပတ်ဝန်းကျင်တစ်ခုလုံး အမြန်နှုန်းကိုယ်စီနဲ့အလုပ်ရှုပ်နေကြတာကြောင့် တစ်ယောက်ထဲ ဂနာမငြိမ်ဖြစ်နေတဲ့ မိန်းကလေးငယ်ကိုတော့ အထူးတလည်ဂရုပြုမိကြမည်မဟုတ်။
ထိုမျက်နှာစိမ်း မိန်းကလေးက ဒီနေရာကို ဘာကြောင့်ရောက်နေသလဲဆိုတာကိုလည်း မေးခွန်းထုတ်ကြမယ့်ပုံမပေါ်။
"ဘာလို့ မလာသေးတာလဲ "
လက်ထဲက ဖုန်းကို တစ်ခုတည်းသောအားကိုးစရာအဖြစ်ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဘေးနားကို မျက်စိကစားမိသည်။မျှော်နေတဲ့ လူရဲ့အရိပ်အယောင်ကိုတော့ မတွေ့မိ။မကြာခင် ပြင်းထန်တဲ့ရာသီဥတုကို ကြိုရတော့မှာဖြစ်တာကြောင့် ပင်လယ်ကမ်းခြေရဲ့ဈေးကလေးမှာ လူခြေတိတ်သလောက်ဖြစ်ကုန်ပြီ။
"ပြန်မှဖြစ်တော့မှာကို ဘာလို့မလာသေးတာလဲ . . . မဖြစ်သေးပါဘူး "
အရူးတစ်ယောက်လို တီးတိုးစကားတွေရေရွတ်ရင်း ဖုန်းထဲမှာ စာတစ်စောင်ကိုအလျင်အမြန်ရိုက်လိုက်သည်။
(ငါပြန်သွားပြီ . . . ကျေးဇူးပြုပြီး ငါ မဆက်သွယ်မချင်း ပေါ်မလာပါနဲ့ လိုအပ်ရင်ငါ့ဘက်ကဆက်သွယ်ပါ့မယ် )
ဈေးလမ်းသွယ်တွေကြားကို ခြေလှမ်းစိတ်စိတ်နဲ့လျှောက်ထွက်လာလိုက်ပြီး အသင့်စောင့်ခိုင်းထားတဲ့ တက္ကစီပေါ်တက်ရင်း ထိုနေရာက ထွက်လာလိုက်သည်။တိုးတိုးလေးချလိုက်သည့် သက်ပြင်းက ဘယ်နှကြိမ်မြောက်မှန်းမသိတော့။အရမ်းလှပါတယ်ဆိုတဲ့ ပင်လယ်ကမ်းခြေဒေသက ဒီနေ့မှ အကျည်းတန်နေတာ ရာသီဥတုကြောင့်များလား။
ဘေးလွယ်အိတ်ထဲက ဖုန်းခေါ်သံကြောင့် သူမ သတိပြန်ကပ်ရင်း အိတ်ထဲက ဖုန်းကိုထုတ်လိုက်သည်။
"အင်း ဂျုံးဂု ပြော "
"ဆူဘင်း နင် မလာသေးဘူးလားဟာ ငါဒီမှာ ပျင်းနေပြီဟ "
သူမ နှစ်လိုစွာ ပြုံးမိသည်။သူမသိပ်ချစ်တဲ့ကောင်လေးက သူမကို လိုအပ်နေတယ်ဆိုတဲ့အသိက မဖော်ပြတတ်တဲ့ပျော်ရွှင်မှုမျိုးကိုဆောင်ကျဉ်းသည်လေ။

YOU ARE READING
Chapter 0901
Romansaအချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပိုပြီး ကိုးကွယ်တတ်ကြသော ခပ်ညံ့ညံ့ဖန်ဆင်းရှင်တစ်ပါး။ ပြီးတော့ စုတ်တီးစုတ်ချာ သင်ခန်းစာ တစ်ခု။ အချစ်?! သူ့အတွက်တော့ ထိုအရာဟာ. . အဓိပ္ပါယ်မရှိသော စကားစု။ ဘာသာတရားထက် လူတွေပ...