[7]

2.8K 310 63
                                    

(Zawgyi)

တောင်ပေါ်ဒေသရဲ့ ဝေလီဝေလင်းမနက်ခင်းက
သူတို့နေသည့်နေရာနှင့်မတူကွဲပြားတာတော့အမှန်ဖြစ်သည်။ ထင်းရှူးတောတွေဘေးက လမ်းကျဉ်းလေးပေါ်မှာ မောင်းနှင်နေရသည့် ကားရဲ့အရှိန်ကို အားမလိုအားမရဖြစ်ပြီး တောက်ခေါက်မိတာက အကြိမ်မည်မျှမှန်းမသိတော့။
မြူစိုင်းနေသည့်အတွက်ရှေ့ကို အဝေးကြီးမမြင်ရသော်လည်း မကြာခင် မေတို့နေသည့်မြို့ကလေးကို ရောက်တော့မည်ဆိုသလောက်တော့ အနည်းအကျဉ်းခန့်မှန်းမိသည်။

အိပ်ခါနီးအချိန်မှာ ဆူဆူညံညံဝင်လာသည့် ဖုန်းသံက သူ့ခေါင်းတွေချာချာလည်ပြီး အသိစိတ်ပျောက်အောင်စွမ်းသည့်စကားတစ်ချို့ကိုပါ ဆောင်ကျဉ်းခဲ့၏။
သား ဆေးရုံတင်ထားရတယ်တဲ့။

အိမ်ကထွက်သွားတုန်းက အကောင်းပကတိရှိနေသည့် ကလေးက ဘယ်လိုဖြစ်လို့ ဆေးရုံတင်ရသည်အထိဖြစ်ရသလဲဆိုသော မေးခွန်းတွေက ခေါင်းထဲရစ်ဝဲနေ၏။ မေ ပေါ့ဆတာကြောင့်တော့ လုံးဝမဖြစ်နိုင် သူ့မြေးဆို တုန်နေအောင်ချစ်သည့်မေသည် ကလေးက အစားအသောက်တစ်ခုအတွက် ဒီလိုဖြစ်သည်အထိ ပရမ်းပတာလွှတ်ထားမည်မဟုတ်။  ဒါဆို အတွင်းရေးမှူးဟန်လား . .? မဖြစ်နိုင်။ သားသမီးမရှိသည့် အတွင်းရေးမှူးဟန်က သူရယ် ဂိုယွန်းရယ် မေရယ်ပြီးရင် သားကို အချစ်နိုင်ဆုံးလူသားဖြစ်ကြောင်း သူသိသည်။

"ကွာ ! "

အချိန်မတော်အခန်းတံခါးခေါက်ပြီး သားဆေးရုံတင်ထားရသည်ဆိုတဲ့အကြောင်းပြောမိတော့ ညဝတ်အင်္ကျီပါးကို အမွှေးပွအနွေးထည်ရှည်ရှည်သာခြုံဝတ်လိုက်ပြီး 'မသွားသေးပဲ ဘာလုပ်နေတာလဲ'ဟုဆိုလာသည့် ဂိုယွန်းသည် လမ်းတစ်လျှောက်လုံးစကားသံတွေ တိတ်ဆိတ်နေပြီး လက်နှစ်ဘက်ယှက်ရင်း နှုတ်ခမ်းနှစ်လွှာက ဆုတောင်းသံတိုးတိုးတွေကိုသာ အဖော်ပြုလျက် သူ့ဘေးက လိုက်ပါလာခဲ့သည်။

" ရောက်ဖို့လိုသေးတာလား ဂျုံးဂု "

"အရှေ့ဆိုရောက်ပြီ. ."

လိုအပ်သည်ထက်ပိုမပြောဖြစ်ကြသည့် စကားတွေထဲ စိုးရိမ်စိတ်တွေ လွန်ကဲနေမှုကို အလိုအလျောက်ခံစားမိစေသည်။ ကားဘီးကို ဖြည်းဖြည်းချင်းသာလှိမ့်နေရသည်မို့ လိုအပ်သလောက်ခရီးမတွင်ကြောင်းအသိပေးဖို့ မေ့ဖုန်းနံပါတ်ကိုခေါ်လိုက်ချိန်ခဏလေးမှာ သူ့စိတ်တွေကမူမမှန်စွာ လှုပ်ရှားနေသည်။ သတင်းကောင်းမဟုတ်ရင်တောင်  သတင်းဆိုးမဖြစ်ဖို့ကို ဦးစားပေးဆုတောင်းရသည်မို့ ။သို့သော် စကားတစ်ခွန်းနှစ်ခွန်းသာပြောနိုင်ပြီး တရှုံ့ရှုံ့ရှိုက်ငိုနေသည့် မေ့ကြောင့် စိတ်ညစ်ညစ်နဲ့ ဖုန်းချလိုက်မိ၏။ ဘေးမှာထိုင်နေသည့်ဂိုယွန်းက သိချင်စိတ်တွေအပြည့်နှင့် သူ့ကိုမော့ကြည့်နေဆဲ။

Chapter 0901Where stories live. Discover now