[11]

2.8K 293 45
                                    

(Zawgyi)

✨✨✨

ပြည့်ကျပ်နေတဲ့ ရင်ဘတ်ကို လက်သီးဆုပ်နဲ့ ခပ်နာနာထုလိုက်သည့်အခါ မျက်လုံးအစုံက မျက်ရည်တို့ ဒလဟော စီးကျသည်။
မဖြစ်သင့်လိုက်တာ . . . သူမအတွက် အသက်ရှင်ဖို့အကြောင်းအရာတွေ အကုန်ပျောက်ဆုံးကုန်သလို. . မျှော်လင့်ချက်ဆိုတာ မမြင်ရတော့သလိုဖြစ်ကုန်ပြီ။ ပြတ်လုဆဲဆဲနှုတ်ခမ်းလွှာတွေကို အားမနာခဲကိုက်လိုက်ရင်း အေးစက်စက် ကြမ်းပြင်မှာ လှဲပြီး အိပ်စက်လိုက်သည်။

ဝါးတားတားအမြင်အာရုံထဲ ဝင်ရောက်လာသည့် အပြုံးချိုချိုတွေကြောင့် ကြေမွနေတဲ့ ရင်ဘတ်က အရှိန်နဲ့ဆောင့်ကန်ခံလိုက်ရသလို အောင့်တက်လာသည်။
သူ့အပြုံးတွေကိုပဲ သူမ
တပ်မက်ခဲ့မိတာလေ ။
အဖြူစင်ဆုံးအသန့်ရှင်းဆုံးအချစ်အတွက် ကြိုးစားဖို့အခွင့်အရေးဆိုတာတောင် မရှိတော့တာလား။ ဘာလို့ ကံတရားက သူမကိုမှ သူမကိုမှ ဒီလောက်ရက်စက်ရတာလဲ ။

မှေးကျလာသည့် မျက်ခွံတွေက အိပ်မက်မဟုတ်ခဲ့သည့် အိပ်မက်ဆန်ဆန် အချိန်အပိုင်းအစတစ်ချို့ဆီသို့ခေါ်ဆောင်ပြန်တော့ မျက်ရည်တွေကြား နှစ်နှစ်လိုလို ပြုံးမိသေး၏။

အရှက်မရှိစွာနဲ့. . . . . . . .

"ရရဲ့လား. . . ကျစ်! ဒီကလေးတွေကတော့ "

စက်ဘီးအလုအယက်ပြိုင်စီးသွားသည့် ကလေးတွေ လမ်းမကြီးပေါ်ဖြတ်အတက်နဲ့ ညနေစာသွားဝယ်ပြီးပြန်လာတဲ့ သူမတို့ မျက်နှာချင်းဆိုင်တွေ့ကြတာမို့ ကြောက်ကြောက်လန့်လန့်နောက်ပြန်ဆုတ်ရင်း လဲကျခြင်းဖြစ်သည်။

ပြန့်ကျဲသွားတဲ့ မုန့်ထုပ်တွေကြား ပုံလျက်သား လဲကျနေသည့် သူမဘေးကိုလာရပ်သည့် ခြေအစုံရဲ့ပိုင်ရှင်ကိုမော့ကြည့်မိသည့်အခါ အသက်ရှူခြင်းတွေက ပုံမှန်မဟုတ်တော့ပြန်။သူက ခါးကိုအနည်းငယ်ကိုင်း လက်တစ်ဘက်ကို ဆန့်ပေးရင်း ထူပေး၏။ အဆင်ပြေရဲ့လားလို့ နှုတ်ကခဏခဏမေးနေသည်မို့ ပြန်ဖြေဖို့စကားက အထစ်ထစ်။

ဖေဖေပြောပုံအရဆို သူက အခုချိန် နိုင်ငံခြားမှာရှိနေရမှာလေ။

Chapter 0901Where stories live. Discover now