[3]

3.6K 375 45
                                    

(Zawgyi)

ဆည်းဆာချိန်ရဲ့ နီကျဲကျဲရောင်ခြည်က
အစိမ်းဖန့်ဖန့် မြက်ခင်းပြင်ကျယ်ကြီးပေါ် သက်ရောက်လို့နေသည်။
အဝါရောင် ဘောင်းဘီလေးကို ဝတ်ဆင်ထားသည့် ကလေးလေးက ထိုမြက်ခင်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ရင်း တခစ်ခစ်အော်ရယ်နေသံက သူ့စာကြည့်ခန်းရဲ့ ပြူတင်းပေါက်တွေနားအထိ ပီပီသသကြားနေရသည်။

"သားသားရေ ယွန်းနီးမောနေပြီကွာ အင်္ကျီဝတ်ရအောင်နော် . . "

အင်္ကျီပေါ်စတော်ဘယ်ရီဖျော်ရည်တွေ မှောက်ကျအောင် တမင်များလုပ်လိုက်တာလား သားရယ်လို့ ဂျုံးဂုတွေးလိုက်မိသည်။စိတ်ကြိုက်ပျော်ပါးခွင့်ရတဲ့ တနင်္ဂနွေရဲ့ ညနေတိုင်းကို မျှော်တတ်သည့်ကလေးငယ်လေးကတော့ ကျန်တာတွေဂရုမစိုက်ပဲ ခြံဝန်းတစ်ခုလုံးမှာ သူ့ခြေရာတွေထင်ကျန်အောင်
ပြေးဆော့နေပြန်၏. . ။

ဂိုယွန်းက လက်ထဲကအင်္ကျီကို ထိုင်ခုံနောက်မှီပေါ်တင်လိုက်ပြီး နေရာကမရွေ့ပဲ ရပ်နေလိုက်တော့မှ အနားကိုရောက်လာသည့် ကလေးငယ်။ သူမက သားနဲ့မျက်နှာချင်းဆိုင်အထိ ခါးကိုကိုင်းလိုက်ရင်း နဖူးပေါ်က ချွေးတွေကို လက်ခုံဖြင့် ဖိသုတ်ပေးလိုက်၏။

"တကယ် မဝတ်ဘူးလား"

"အင်း ~~"

"သေချာတယ်နော် သား "

"အင်းးးဆို ~~~"

"ဝတ်ရင် သားကြိုက်တဲ့ တော့ပိုကီချိုချိုလေး လုပ်ကျွေးမလို့ကို  .  . ရတယ်လေ သားက မဝတ်ချင်ဘူးဆိုတော့လဲ "

"ဟာ . .ဟင့်အင်းး ဝတ်မှာ ဝတ်မှာ
ယွန်းနီးးးး သား ဝတ်မယ်လို့!~"

အခုတော့ ပြေးလိုက်ရသည့်သူက ဟွမ်လေးဖြစ်နေသည်ကို သူကြည့်ပြီး ပြုံးမိ၏။ ဂိုယွန်းတစ်ယောက် သူမနောက်က ပြေးလိုက်လာသည့် ကလေးငယ်ကို မသိချင်ယောင်ဆောင်ရင်း စံအိမ်ဘက်သို့ မပြေးရုံတမယ်လျှောက်လာ၏.။
အနည်းငယ်ပွင့်ဟနေသည့် နှုတ်ခမ်းလွှာတို့က ကလေးငယ်အတွက် ချစ်စရာအပြုံးလေးတွေ မပျက်ဖန်တီးလို့နေဆဲ. . . (သားက ကံကောင်းလွန်းတယ်)။

~°~°~°~

"မင်း ဒီတစ်ခေါက်ခွင့်ယူဖို့ ဦးလေးကြီးနဲ့ ရက်ပြောပြီးပြီလား "

Chapter 0901Where stories live. Discover now