" Paa ရှင့်သားကလက်ခံပါ့မလား"
"Ohh မိဘကသူ့အတွက်ကောင်းဖို့စီစဉ်တာ သူလက်မခံလို့ရမလား ။Aom တို့ငါတို့ကအရင် ငါတို့တွေလက်မထပ်ခင်ကထဲကသားသမီးမွေးရင်ခမည်းခမက်တော်ကြမယ်ပြောထားပြီးသားပဲကို၊ခုကလေးတွေကြီးမှပြန်ဆုံကြတော့ငါကတော့အဲ့စိတ်ကူးအကောင်ထည်ဖော်ချင်တာပဲ။ဘာလဲမင်းကAomတို့အိမ်စီးပွားကျနေလို့သဘောမတူချင်တာလားPloy"
Mrs Ploy တယောက်သူ့ယောက်ျားကို စိတ်တိုတိုနဲ့ ကြည့်လိုက်မိတယ်။
"ဒီမှာ ကျွန်မကNanတို့နဲ့ဆိုအစောကြီးကငြင်းစရာ မရှိဘူး။ ရှင် Aom နဲ့ Nan တို့နဲ့ပြန်တွေ့တယ် လို့ပြောကထဲက ကျွန်မဒီကိစ္စသတိရပြီးသား၊ ခုပြောတာရှင့်သားကြောင့်။ကျွန်မတို့ကဘယ်လောက်ဖြစ်စေချင်ချင်သူယူမှရမယ်မလား"
Mr Fern တယောက်သူ့မိန်းမပြောတာအချက်ကျတယ် လို့စဉ်းစားလိုက်တယ်။ရတယ်လေ။သူ့သားပဲ။သူ့စကားတခွန်းပဲဖြစ်ရမှာပေါ့။အရင်ဆုံးစေ့စပ်ရုံလောက်လုပ်ထားမှာပဲကို။ဒါကိုမှလက်မခံရင်ဒင်းကိုအသုံးစရိတ်ဖြတ်ရုံပဲလို့တွေးလိုက်ပြီးကျေကျေနပ်နပ်ကြီးပြုံးလိုက်တယ်။
"Maa မင်း သားPrem ကိုငါတို့မနက်ဖြန်Bangkok
လာမယ်လို့ဖုန်းဆက်လိုက်"****************
Wad တယောက်အပေါ်ထပ်ကသူ့အခန်းထဲမှာ ဂစ်တာလေးဟိုစမ်းဒီစမ်းတီးကြည့်နေတုန်းအမဖြစ်တဲ့ P Kate ကPaaနဲ့Maa ခေါ်တယ်လို့လာပြောလို့ အောက်ဆင်းလာလိုက်တယ်။
ညေ့်ခန်းရောက်တော့ သူအပါအ၀င်မိသားစု၎ယောက် လုံးစုံနေတယ်။ကြည့်ရတာအကြောင်းထူးရှိတယ်ထင်တယ်။သူနေရာမှာဝင်ထိုင်လိုက်တယ်။
"Paa နဲ့ Maa ဒီနေ့သားနဲ့သမီးကိုအသိပေးစရာရော၊ ပြောပြစရာရောရှိတယ်"
Paa ကပြောရင်းရပ်လိုက်ပြီးသူတို့မောင်နှမ မျက်နှာကို တလှည့်စီကြည့်နေတယ်။Paa ရော Maa ရောမျက်နှာ ကလေးနက်နေလို့အရေးကြီးကိစ္စတခုဖြစ်လိမ့်မယ်လို့ခန့်မှန်းလိုက်မိတယ်။
"Paa တို့ကုမ္ပဏီငွေကြေးအခက်အခဲနဲ့ရင်ဆိုင်နေရတယ်။ ဒါကြောင့်မို့လို့Paa ကုမ္ပဏီကိုတခြားကုမ္ပဏီအောက် ကိုလွှဲလိုက်ရတော့မယ့်အခြေအနေဖြစ်နေပြီ"

YOU ARE READING
Their Story
Fiksi PenggemarPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။