Prem P.O.V
သောက်ထားတာတော်တော်လေးများနေတဲ့Wad ကိုကျောပိုးပြီးClub ထဲကနေခေါ်ထုတ်လာခဲ့လိုက်တယ်။
ကျောပိုးလာတာကိုကျောပေါ်ငြိမ်ငြိမ်နေနေလေးနဲ့ပါလာထင်လို့လား။ဝေးပါသေးဗျာ။
ကျောပေါ်ကနေပြီးကျွန်တော့မျက်လုံးကိုလက်နဲ့လာအုပ်လိုက်၊ကျွန်တော့နားရွက်ကိုလက်နဲ့လာဆွဲလိုက်၊
" P Premmm " ဆိုပြီးကျွန်တော့နား အနားကိုကပ် အော်လိုက်နဲ့။မမူးရင်တောင်ဂျီချင်နေတဲ့ကောင်စုတ်လေးကမူးလဲမူးရောဘလိုတွေတောင်ဂျီကျတာဆိုတာပြောကိုမ
ပြောချင်ပါဘူးဗျာ။တော်သေးတာပေါ့။
Club ထဲကနေကားဆီရောက်တဲ့ထိပဲကုန်းပိုးလာရလို့ ပေါ့။အိမ်ထိတောင်ကုန်းပိုးရမယ်ဆိုလို့ကတော့အိမ်မ
ရောက်ခင်ကျွန်တော်နားပဲကန်းမလား။လမ်းမှာပဲ၂ယောက်လုံးကားတိုက်သေမလားမသိဘူး။ခုလဲကြည့်ကားထဲထည့်
ပြီးခါးပတ်ပတ်ပေးတာကိုသူ့ကိုကြိုးနဲ့တုတ်ပါတယ်ဆိုပြီးအတင်းကိုရုန်းကန်နေပြန်တယ်လေ။Wad-"Ahhhh P Prem ကျွန်တော့ကိုကြိုးနဲ့တုတ် ပြီးဘာလုပ်ဖို့စဉ်းစားနေတာလဲ၊ခင်ဗျားအကြံဒါအကုန်ပဲ
လား"ဟိုက် မြတ်စွာဘုရား ။
လူလဲအလိုလိုနေရင်း လူဆိုးကြီးဖြစ်ပါပြီ။
Prem-"Nong Wad ငြိမ်ငြိမ်လေးနေကွာ၊ခုP အိမ်ပြန်လိုက်ပို့မလို့၊ဟုတ်ပီလား "
Wad-"Nooo Nooo Nooo အိမ်မပြန်ဘူး။ဒါ ကျွန်တော်တို့လူပျိုနောက်ဆုံးညလုပ်နေတာ၊အမုန်းကဲမ
လို့။မပြန်ဘူး။မပြန်ဘူး။မိုးမလင်းသေးဘူး။မပြန်ချင်သေး
ဘူး"မပြန်ချင်သေးဘူးဆိုပြီးအတင်းကြီးကားတံခါးကိုဖွင့်နေတာကားတံခါးLock ချထားမိလို့တော်သေးတာပေါ့။သူ့ကို ဘာမှပြန်မပြောတော့ပဲနဲ့ကားပဲမောင်းထွက်လာလိုက်
တော့တယ်။တံခါးဖွင့်တာဖွင့်မရတော့ငြိမ်သွားပြီမှတ်တာ
လေတိုးတယ်ခံစားမိလို့သူ့ဖက်လှည့်ကြည့်လိုက်တော့"Shiaaaa သေကုန်တော့မှာပဲ"
ကိုယ်တော်ကကားမှန်ကိုချပြီးကားအပြင်ထွက်ဖို့လုပ်နေ
လို့မျက်လုံးပြူးသွားပြီးမနည်းအထဲပြန်ဆွဲလိုက်ရတယ်။
တော်တော်ကိုသောင်းကျန်းတာပါဗျာ။
YOU ARE READING
Their Story
FanficPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။