Prem P.O.V
တတင်တင်နဲ့နာရီAlarm မြည်လာလို့အိပ်ပျော်ရာနေ ကနိုးသွားပြီးတော့ Alarm ကိုလှမ်းပိတ်လိုက်တယ်။ ပြီးတော့ကျွန်တော့ဘေးမှာနာရီAlarm မြည်တာတောင် မနိုးလာပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကျွန်တော့ရဲ့
Wadလေး ။အိပ်ပျော်နေတဲ့သူ့ကိုနဖူးပေါ်ကျနေတဲ့ဆံပင်ကိုသပ်ပေး
လိုက်ပြီးတော့နဖူးကိုဖွဖွလေးနမ်းလိုက်ပြီးတော့သူ့ကို
လှုပ်နိုးလိုက်တယ်။"Wad ...Nong...Nong Wad ထတော့ ..ကျောင်းသွားရမယ် "
လှုပ်နိုးလိုက်တော့မျက်မှောင်လေးကျုံ့ပြီးမျက်စိဖွင့်ကြည့်လာပြီးတော့မျက်လုံးလေးပွတ်နေတဲ့ပုံလေးကချစ်စရာ
လေး။ပြီးတော့သူ့ကိုချစ်စနိုးနဲ့ပြုံးပြီးကြည့်နေမိတဲ့ကျွန်
တော့ကိုကြည့်လာတယ်။"Morning P"
"Morning Nong ထတော့ ။ကျောင်းသွားဖို့ပြင်ကြ တာပေါ့။မနက်စာအပြင်မှာစားပြီးမှ ကျောင်းသွားကြတာ ပေါ့။P ရေအရင်ချိုးလိုက်မယ်။Nong ခဏလှဲချင်လှဲနေ အုံးလေ"
ကျွန်တော်ပြောပြီးတော့အိပ်ရာထပြီးတော့ရေချိုးခန်းထဲ
ဝင်မျက်နှာသစ်ရင်းတခါထဲရေချိုးလိုက်တယ်။ရေချိုးပြီး တော့ပြန်ထွက်လာတော့ Nong Wad ကအိပ်ယာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ထားပြီးတော့ ကုတင်ပေါ် မှာခြေဆင်းထိုင်နေရာကကျွန်တော်ထွက်လာတာတွေ့
တော့ထပြီးကျွန်တော့ဆီလျှောက်လာပြီး တော့ကျွန်တော့ ရှေ့မှာရပ်လိုက်တယ်။ပြီးတော့ကျွန်တော့ဂုတ်ကိုဆွဲကိုင်လိုက်ပြီးတော့နည်းနည်း
နိမ့်ချလိုက်ပြီးတော့ကျွန်တော့နှုတ်ခမ်းကိုနမ်းလိုက်လို့
မျက်လုံးပြူးသွားမိတယ်။သူကကျွန်တော့ကိုနမ်းလိုက်ပြီး
တော့မှပြောတာက"Morning Kiss" တဲ့ ။
နမ်းပြီးတော့သူရေချိုးခန်းထဲဝင်သွားတော့ဒီကလူက
အောင့်သက်သက်နဲ့ကျန်ခဲ့တယ်။Honeymoon ထွက်သွားတုန်းကလဲရောက်ရောက်ချင်းနေတနေ့ပဲ
၂ယောက်တူတူနေဖြစ်တာ။ဒါတောင်ကျွန်တော်အတင်းအကြပ်ယူလိုက်လို့မပေးချင်
ပေးချင်နဲ့ပေးတာရယ်။နောက်နေ့တွေကစပြီးတော့သူ
ပြောတဲ့နောက်တခါ P အလှည့်ပဲဆိုတဲ့စကားကြောင့် ဒီကကောင်ကစဖို့ကိုတွန့်ကိုတွန့်နေတာလေ။

YOU ARE READING
Their Story
FanficPrem X Wad Fanfiction Sotus S Serie ကျရင်အပြတ်Ship မယ်လို့အားခဲထားပြီးမပါလာလို့ကြေကွဲမိပြီး ဒီFic လေးရေးလိုက်မိတယ်။ Premxwad Fic ဖတ်ချင်တယ်လို့ပူဆာနေတဲ့ ငါ့ညီမလေး @Mayphoo လဲကျေနပ်မယ်ထင်တယ်။ကိုယ့်ပုံစံအတိုင်းအဆွိလေးတော့များမယ်ပေါ့နော်။